Read Only File တစ်ခု ဖန်တီးခြင်း
Read Only File ဆိုတာကတော့ များသောအားဖြင့် စာသား File များတွင် အသုံးများတဲ့ Attributes တစ်ခု ဖြစ်ပါတယ်။
Read Only ပြုလုပ်ထားခြင်းအားဖြင့် ၎င်း File ကို ဖွင့်ဖတ်လို့ပဲရပါတယ်။ ပြန်လည်ပြင်ဆင်နိုင်ခြင်း မရှိပါဘူး။ သူ့ကိုပြန်ပြင်ပြီး သိမ်းမယ်ဆိုရင်လည်း အခြား File အနေဖြင့်သာ သိမ်းနိုင်ပါတယ်။ ဒါကြောင့် Read Only ပြုလုပ်ထားခြင်းအားဖြင့် သင်ရေးသားထားသော စာသားများကို ပိုမိုစိတ်ချ လုံခြုံမှုရှိစေပါတယ်။
ပထမဦးဆုံး Text File တစ်ခုကို ကွန်ပျူတာရဲ့ နှစ်သက်ရာ နေရာတစ်ခုခုကို ဖန်တီးထားပါမယ်။
အခု Data E: အောက်မှာ Right Click နှိပ်ပြီး Text File တစ်ခုကို ဖန်တီးလိုက်ပါတယ်။ ၎င်း File တွင် နှစ်သက်ရာစာသားများကို ရေးသားပါမယ်။ ပြီးနောက် Save ပြုလုပ်ပေးလိုက်ပါမယ်။
အခုဆိုရင်တော့ Text File တစ်ခု ရရှိသွားပါပြီ။ ဒီ Text File ကို Read Only File အနေဖြင့် ပြောင်းလဲပါမယ်။ ဒါကြောင့် ဒီ Text File ပေါ်မှာ Right Click > Properties ကို ရွေးချယ်လိုက်ပါမယ်။
ပြီးနောက် Attributes နေရာမှာ Read Only ကို အမှန်ခြစ်လေး ထည့်သွင်းပေးထားလိုက်ပါမယ်။ ဒါဆိုရင်တော့ ၎င်း Text File အတွင်းရှိ စာသားများကို ပြင်ဆင်ပြီး Save လုပ်လို့ မရတော့တာကို တွေ့ရပါလိမ့်မယ်။ တကယ်လို့ Save လုပ်မယ်ဆိုရင်လည်း Save As အနေဖြင့်သာ ပြုလုပ်ခွင့်ပေးပြီး အခြား File Name အနေဖြင့်သာ သိမ်းဆည်းပေးသွားမှာ ဖြစ်ပါတယ်။