Recent Document List ကို ရှင်းလင်းခြင်း
Recent Document ဆိုတာကတော့ ကွန်ပျူတာအသုံးပြုသူတစ်ဦးမှ အသုံးပြုသွားခဲ့သော Program များ Document များ၊ Media File များနှင့် အခြားသက်ဆိုင်ရာ Application များကို ဖော်ပြပေးထားသည့် List တစ်ခု ဖြစ်ပါတယ်။
ဒီလို Recent List ကို ကြည့်ခြင်းအားဖြင့် ကွန်ပျူတာအသုံးပြုသူတစ်ဦးရဲ့ လုပ်ဆောင်ချက်နှင့် သူအသုံးပြုသွားသော Program များကို အလွယ်တကူ သိရှိနိုင်ပါတယ်။ Recent List အပြင် Most Recently Used List , Jump List များအပြင် Start Menu List များပေါ်မှာ ပေါ်နေပါတယ်။
ဒါတွေအားလုံးကို ရှင်းလင်းဖို့ရန်အတွက်တော့ Group Policy မှ ဝင်ရောက်ရှင်းလင်းနိုင်ပါတယ်။
Group Policy ကို ဝင်ရောက်ရန်အတွက် Run ကို ခေါ်လိုက်ပါ။ ပြီးနောက် gpedit.msc ဆိုပြီး ရိုက်ထည့်လိုက်ပါ။
ဒါဆိုရင် အောက်ပါပုံအတိုင်း Local Group Policy Editor ထဲကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
ထို့နောက် User Configuration > Administrative TEmplates > Start Menu and Taskbar ထဲသို့ အဆင့်ဆင့် ဝင်လိုက်ပါ။
ထို့နောက် ညာဖက်ရှိ Clear history of recently opened documents on exit ဆိုသည့် စာသားပေါ်တွင် Double Click နှိပ်လိုက်ပါ။ ဒါဆိုရင် Clear History of recently opened documents on exit ဆိုသည့် Box လေး ကျလာပါလိမ့်မယ်။ အဲဒီမှာ Enabled ကို ရွေးချယ်လိုက်ပါ။
ပြီးနောက် Apply > OK ကို နှိပ်လိုက်ပါ။ ပြီးနောက် Group Policy Editor မှ ထွက်လိုက်ပါ။ ကွန်ပျူတာကို Restart ချပေးလိုက်ပါ။ ဒါဆိုရင် Recent list အားလုံး ရှင်းလင်းသွားပါလိမ့်မယ်။