Recycle Bin ရဲ့ အရွယ်အစားကို ပြင်ဆင်ခြင်း
ကွန်ပျူတာအတွင်း ထည့်သွင်းထားတဲ့ Recycle Bin ဆိုတာကတော့ ကွန်ပျူတာရဲ့ အမှိုက်ပုံးဖြစ်ပါတယ်။ အသုံးမပြုလိုတော့တဲ့ file များကို ဒီ Recycle Bin အတွင်းသို့ ရောက်ရှိစေရန် Delete ပြုလုပ်ကာ ဖျက်လေ့ရှိပါတယ်။
တကယ်လို့ Shift + Delete ကို ပူးတွဲနှိပ်လိုက်မယ်ဆိုရင်တော့ Recycle Bin ထဲကို မရောက်တော့ပဲ အပြီးအပိုင် ဖျက်ပစ်သွားမှာ ဖြစ်ပါတယ်။ ဒီလို Recycle Bin ထဲကို File များ Delete ပြုလုပ်ရာမှာ Recycle Bin ဟာ အကန့်အသတ်တစ်ခုအနေဖြင့်သာ ပြုလုပ်နိုင်ပါတယ်။
ဥပမာ Recycle Bin ထဲသို့ ထည့်သွင်းထားတဲ့ File အလွန်များပြားလာပါက Recycle Bin မှ လက်မခံနိုင်တော့ပဲ ၎င်း File ကို တိုက်ရိုက် Delete ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီလို ပြဿနာမျိုးတွေအတွက် အလွယ်တကူ ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းကတော့ Recycle Bin ရဲ့ Size ကို ထပ်မံတိုးချဲ့ပေးတာ ဖြစ်ပါတယ်။
ဒီတော့ Desktop ပေါ်က Recycle Bin ပေါ်မှာ Right Click နှိပ်လိုက်ပါမယ်။ ပြီးနောက် Properties ကို ဝင်ရောက်လိုက်ပါ။
ဒါဆိုရင် Recycle Bin ရဲ့ Perperties ထဲကို ရောက်သွားပါပြီ။ ပြီးနောက် Custom Size ဘေးနားက အကွက်ကလေးမှာ သင် အလိုရှိသလောက် အရွယ်အစားကို တိုးမြှင့်ပေးနိုင်ပါတယ်။
Recycle Bin နဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ အချက်တစ်ချက် ရှိပါတယ်။ အဲဒါကတော့ Display delete confirmation dialog ဖြစ်ပါတယ်။ သူ့ရဲ့ အဓိပ္ပါယ်ကတော့ ကွန်ပျူတာအတွင်းရှိ File တစ် File ကို Delete လုပ်မယ်ဆိုရင် တကယ် Delete လုပ်မှာလားဆိုတာကို မေးမြန်းသည့် Confirm Box ဖြစ်ပါတယ်။
အဲဒီ အမှန်ခြစ်လေးကို ဖြုတ်ထားမယ်ဆိုရင်တော့ Delete ပြုလုပ်ရာမှာ မမေးတော့ပဲ တစ်ခါတည်းတန်းပြီး Delete ပြုလုပ်ပါတယ်။ ဒါကြောင့် ဒီနေရာလေးဟာ အလွန်အရေးကြီးတဲ့ Options လေးတစ်ခု ဖြစ်ပါတယ်။