Regional Setting ကို လေ့လာခြင်း

Written by S.N.O Published in 25 Aug 2014

        Regional Setting ဆိုတာကတော့ Microsoft Windows တွင် အသင့်ပါဝင်သော ဘာသာစကား ၊ အချိန် စတာတွေကို ပြင်ဆင်ပေးနိုင်သည့် အဓိက Setting တစ်ခု ဖြစ်ပါတယ်။ သင့်ကွန်ပျူတာတွင် အသုံးပြုလျှက် ရှိသော ဘာသာစကားများ ၊ အချိန်များ ၊ နေ့စွဲများ အားလုံးကို ပြင်ဆင်ချင်တယ်ဆိုရင်တော့ ဒီ Regional Setting မှာ ၀င်ရောက် ပြင်ဆင်ပေးနိုင်ပါတယ်။

အခု Regional Setting ကို ၀င်ရောက်ရန်အတွက် Start > Control Panel သို့ ၀င်ရောက်လိုက်ပါ။ ပြီးနောက် Clock , Language , and Region လို့ ရေးသားထားတဲ့ Link လေးကို နှိပ်လိုက်ပါ။

 

 

ပထမဆုံး နေ့စွဲ ၊ အချိန်စတာတွေကို ပြင်ဆင်ပါမယ်။ ဒါကြောင့် Data and Time ကို ရွေးချယ်ပေးလိုက်ပါမယ်။ ဒါဆိုရင် Date and Time Properties box ကျလာတာကို တွေ့ရပါလိမ့်မယ်။

 

 

        Change data and time ကတော့ သင့်ကွန်ပျူတာမှာ ပေါ်နေတဲ့ နေ့စွဲရယ် ၊ နာရီရယ်ကို ပြင်ဆင်တဲ့အပိုင်း ဖြစ်ပါတယ်။ Change time Zone ကတော့ အသုံးပြုရန်မလိုပါဘူး။

        သူကတော့ အင်တာနက် ချိတ်ဆက်ထားတဲ့ ကွန်ပျူတာများအနေဖြင့် နိုင်ငံအလိုက် အချိန်များကို ပြသပေးရန် ဖြစ်ပါတယ်။

 

 

        ဆက်လက်ပြီး Region and Language ကို နှိပ်လိုက်ပါမယ်။ ဒါဆိုရင် အောက်ကပုံအတိုင်း Region and Language Setting ကျလာပါလိမ့်မယ်။ Format အောက်ရှိ Down-arrow လေးကို နှိပ်ပြီး အခြားသော ဘာသာစကားများသို့ ပြောင်းလဲအသုံးပြုနိုင်ပါတယ်။

ကွန်ပျူတာတစ်လုံးတွင် အဓိကအသုံးပြုထားသော ဘာသာစကား ကို ပြောင်းလဲရန် ဖြစ်ပါတယ်။

 

 

Short Date ကတော့ Date Format ဖြစ်ပါတယ်။ ဥပမာ လ ၊ နေ့၊ နှစ် ဆိုပြီး အစဉ်လိုက်လာမလား ၊ သို့မဟုတ် ၊ နေ့၊ လ ၊ နှစ် ဆိုပြီး အစဉ်လိုက်လာမှာလားဆိုတာကို ပြောင်းလဲရွေးချယ်ပေးရန် ဖြစ်ပါတယ်။

        အားလုံးပြီးသွားပြီဆိုရင်တော့ OK ကို နှိပ်ပြီး Regional and Language Option မှ ထွက်နိုင်ပါတယ်။ သင့်ရဲ့ ပြောင်းလဲ ရွေးချယ်မှုများအတွက် Effect ဖြစ်စေရန်အတွက်ကတော့ Apply , OK ကို နှိပ်ပေးရပါမယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.