Restore Point ကို ပြန်လည်အသုံးပြုခြင်း

Written by S.N.O Published in 21 Oct 2014

အခုဖော်ပြမည့် သင်ခန်းစာကတော့ ယခင် Restore ပြုလုပ်ထားတဲ့ System Resotre Point ကို ပြန်လည်ခေါ်ယူ အသုံးပြုပုံဖြစ်ပါတယ်။

ဒီလို Restore Point ကို ပြန်လည်ခေါ်ယူ အသုံးပြုမယ်ဆိုရင် ဒီ Restore Point ပြုလုပ်ပြီးနောက်ပိုင်း ကွန်ပျူတာအတွင်း သိမ်းဆည်းထားသော File များ၊ Program များအားလုံးကို Delete လုပ်သွားမှာ ဖြစ်ပါတယ်။

ထို့ပြင် Restore ပြုလုပ်ပြီးသွားပါက လိုအပ်ပါက Restart ချပါလိမ့်မယ်။ ဒါကြောင့် Restore မပြုလုပ်ခင် လိုအပ်သည့် Application များကို ပိတ်ထားခြင်းလိုအပ်သည့် File  များကို သိမ်းဆည်းထားခြင်းများ ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။

Restore Point တစ်ခုကို ပြန်လည်ခေါ်ယူ အသုံးပြုရန်အတွက် Start > Control Panel > System ကို ရွေးချယ်ပေးလိုက်ပါ။

 

 

ပြီးနောက် ဘယ်ဖက်အခြမ်းရှိ System Protection ကို ရွေးချယ်ပေးလိုက်ပါ။

 

 

ဘယ်ဖက်အခြမ်းတွင် System Restore ဆိုတာကို ရေးသားထားသည့် စာသားကို တွေ့ရပါလိမ့်မယ်။ သူ့ဘေးနားက System Restore ဆိုတာကို နှိပ်လိုက်ပါမယ်။

 

 

Restore System Files and Settings dialog box ကျလာပါလိမ့်မယ်။ Next ကို နှိပ်ပေးလိုက်ပါ။

 

 

အခုဆိုရင် ကွန်ပျူတာအတွင်း Restore Point ပြုလုပ်ထားသည့် Point များကို မြင်တွေ့နေရပြီ ဖြစ်ပါတယ်။ Restore Point တစ်ခုချင်းစီအလိုက် ပြုလုပ်ဖန်တီးထားသည့် နေ့စွဲနှင့်အချိန်ကိုပါ တွဲဖက်ဖော်ပြပေးထားတာကို တွေ့ရပါလိမ့်မယ်။

Description နေရာမှာ စောစောက ပြုလုပ်ထားသည့် My Computer ဆိုသည့် Restore Point တစ်ခုကို မြင်တွေ့နေရပြီ ဖြစ်ပါတယ်။

 

 

Scan for affected programs ဆိုတာကတော့ ဒီလို Restore Point ကို အသုံးပြုလိုက်ခြင်းအားဖြင့် မည်သည့် Program များ Uninstall ပြုလုပ်လိုက်မည်ဆိုတာကို ပြောတာဖြစ်ပါတယ်။ တကယ်လို့ လိုအပ်တယ်ထင်ရင်တော့ Scan ပြုလုပ်ပေးလိုက်ပါ။ အားလုံးပြီးသွားရင်တော့ My Computer လို့ ရေးသားထားသည့် Restore Point ကို ရွေးချယ်ပြီး Next ကို နှိပ်လိုက်ပါမယ်။ ဒီ Restore Point ကို အသုံးပြုမှာ သေချာသလားဆိုတာကို မေးတာ ဖြစ်ပါတယ်။ ပြီးရင်တော့ Finish ကို နှိပ်လိုက်ပါ။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.