RUN မှ Program များကို အသုံးပြုခြင်း
ဒီသင်ခန်းစာကတော့ ကွန်ပျူတာအတွင်းရှိ အသုံးပြုနေကျ Appliction များကို RUN မှ တိုက်ရိုက် Process ပြုလုပ်နိုင်ရန် သင်ကြားပေးသော သင်ခန်းစာတစ်ခု ဖြစ်ပါတယ်။
ဥပမာ သင်ဟာ Micrososft Word ကို နေ့စဉ် အသုံးပြုနေကျဆိုပါစို့။ ဒါဆိုရင် ၎င်း Microsoft Word ကို RUN မှ တိုက်ရိုက်ဝင်လို့ ရပါတယ်။ RUN မှ Program တစ်ခုကို တိုက်ရိုက်ဝင်ရောက်ရန်အတွက် ၎င်း Program ရဲ့ အမည်ကိုတော့ သိရှိဖို့လိုပါတယ်။ ယခု လက်တွေ့လုပ်ဆောင်ကြည့်ပါမယ်။
RUN ကို အသုံးပြုရန်အတွက် Windows + R ကို ပူးတွဲနှိပ်လိုက်ပါ။
ဒါဆိုရင် RUN ကို ရရှိပါပြီ။ ပြီးနောက် Microsoft Word ကို အသုံးပြုချင်တာဖြစ်တဲ့အတွက်ကြောင့် msword လို့ ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ ms ဟာ Microsoft ရဲ့ အတိုကောက်စကားလုံး ဖြစ်ပါတယ်။
ဒီလို RUN မှ Program များကို အသုံးပြုနိုင်ရန်အတွက် Program ရဲ့ Command ကိုတော့ ကျက်မှတ်ထားရန် လိုပါတယ်။ အခု msword လို့ပဲရိုက်ပြီး Enter ခေါက်လိုက်ပါ။
ဒါဆိုရင်တော့ Microsoft Word Program ပွင့်လာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ထိုနည်းအတိုင်း အခြား Program များကိုလည်း ဖွင့်နိုင်ပါတယ်။
ဥပမာ notepad ကို ဖွင့်ချင်တယ်ဆိုပါစို့။ ဒါဆိုရင် Run မှ notepad လို့ ရိုက်ထည့်လိုက်ပါ။ ဒါဆို Notepad ပွင့်လာပါလိမ့်မယ်။ Paint ဆိုပါက mspaint လို့ ရိုက်ထည့်လိုက်ပါ။ တကယ်လို့ Program တစ်ခုရဲ့ RUN Command ကို မသိဘူးဆိုရင် ၎င်း Program ရဲ့ အမည်ကို C > Program File > ထဲမှာ ဝင်ကြည့်ရမှာ ဖြစ်ပါတယ်။
အခု C > Program File > Adobe > Pagemaker ထဲကို ဝင်ရောက်လိုက်ပါမယ်။ ဘာကြောင့်လဲဆိုတော့ Pagemaker ရဲ့ RUN ကို သိချင်လို့ ဖြစ်ပါတယ်။ အခု Pagemaker ရဲ့ အမည်ကို အောက်ပါအတိုင်း တွေ့မြင်နေရပြီ ဖြစ်ပါတယ်။
Pm70 ဟာ Pagemaker ရဲ့ အမည်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် Run မှာ Pm70 လို့ရိုက်ပြီး Pagemaker ထဲသို့ အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။ ဒီနည်းအတိုင်းအခြားသော Program များရဲ့ RUN Command များကို ကြည့်ရှုနိုင်ပါတယ်။