Samsung မှ ၎င်း၏ Music Hub Streaming ဆားဗစ်ကို ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း သတိပေးပြောကြား

Written by S.N.O Published in 23 May 2014

Samsung ကုမ္ပဏီဟာ လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်က စတင်ပြီး လွှင့်တင်ခဲ့တဲ့ ၎င်းရဲ့ Music Hub Streaming ဆားဗစ်ကို ယခုအချိန်မှာ ရပ်နားတော့မည်ဖြစ်ကြောင်း သတင်းဌာနများမှတဆင့် အသိပေးကြေငြာခဲ့ပါတယ်။

Samsung ရဲ့ Music Hub Streaming ဆားဗစ်ဟာ အင်တာနက်မှတဆင့် ဂီတပညာရှင်များရဲ့ သီချင်းများကို မျှဝေနားထောင်နိုင်စေရန်အတွက် ရည်ရွယ်ထားသော Music Streaming ဆားဗစ်တစ်ခုဖြစ်ပြီး ယခု ဂျူလိုင်လ 1 ရက်နေ့မှစပြီး ၎င်း ဆားဗစ်ကို တရားဝင် ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း သတင်းဌာနများသို့ ပြောကြားခဲ့ပါတယ်။

Samsung ရဲ့ ဂီတဆိုင်ရာ ၀န်ဆောင်မှု ဆားဗစ်တွင် အသုံးပြုသူ User များအနေဖြင့် ၎င်းတို့နှစ်သက်ရာ သီချင်းအမျိုးအစားများကို Album အလိုက်၊ ဂီတအမျိုးအစားအလိုက် အလွယ်တကူရှာဖွေပြီး ၀ယ်ယူနားဆင်နိုင်စေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ် ။ User များအနေဖြင့်လည်း မ၀ယ်ယူမှီ စိတ်ကြိုက်သီချင်းများကို Preview နားထောင်နိုင်ပြီး ကိုယ်ပိုင် စိတ်ကြိုက်သီချင်း 200 ကျော်ကို Playlist ပြုလုပ်ထားနိုင်ကြောင်း သိရပါတယ်။

Samsung ၏ Music Streaming ဆားဗစ်ကို ၀ယ်ယူအသုံးပြုသူ User များအနေဖြင့် ၎င်းတို့ဝယ်ယူထားသော တေးသီချင်း Album များကို ကြိုတင်ပြီး Download ပြုလုပ်ထားနိုင်ကြောင်း ဂျူလိုင်လ 1 ရက်နေ့တွင် ယခု Music Streaming ၀ဘ်ဆိုက်ဟာ လုံးဝ အသုံးပြုလို့ရတော့မှာ မဟုတ်ကြောင်း သတိပေးပြောကြားထားပါတယ်။

       

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.