Samsung မှ 3D DDR 4 DRAM ကို စတင်ထုတ်လုပ်

Written by S.N.O Published in 18 Sep 2014

        Samsung ကုမ္ပဏီမှ 64 GB DRAM Modules အသစ်တစ်ခုကို စတင်ထုတ်လုပ်တော့မှာဖြစ်ပြီး ၎င်း RAM ဟာ Server ကွန်ပျူတာများအတွင်း ထည့်သွင်းအသုံးပြုရန် ရည်ရွယ်ထားကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

Samsung ရဲ့ DDR 4 DRAM ဟာ Double Data Rate 4 နည်းပညာရပ်အပေါ် တီထွင်ထားတာဖြစ်ပြီး 3D နည်းပညာရပ်များကိုလည်း အခြေခံထားကြောင်း Samsung မှ ပြောကြားခဲ့ပါတယ်။

 

 

        Samsung ဟာ DRAM ကို 64 GB ပမာဏ ထုတ်လုပ်မှာဖြစ်တဲ့အတွက်ကြောင့် DRAM Modules များအကြား အတော်လေး Memory မြင့်သော DRAM တစ်ခု ဖြစ်ကြောင်း ၊ ၎င်း DRAM ဟာ High Application များစွာကို အသုံးပြုရန်အတွက် ဖြစ်ကြောင်းသိရပါတယ်။ 3D DDR 4 DRAM ဟာ Memory အတွင်း Data များစွာကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်ပြီး ယခင် DDR 3 DRAM ထက် စွမ်းဆောင်ရည်များစွာ သာလွန်ကြောင်းလည်း အသိပေးပြောကြားခဲ့ပါတယ်။

        Samsung ရဲ့ DRAM အား Server ကွန်ပျူတာများ Gaming PC များအတွင်း ထည့်သွင်းအသုံးပြုနိုင်ပြီး အရွယ်အစားပမာဏကတော့ Samsung ရဲ့ ယခင် Memory Chip များထက် သေးငယ်ကြောင်း Motherboard မှာ တစ်ပါတည်းတပ်ဆင်ပြီး ရောင်းချမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Samsung ဟာ ယခင် Intel နှင့်အပြိုင် ဈေးကွက်အတွင်း နေရာရယူနိုင်ရန် ကြိုးပမ်းလျှက်ရှိပြီး သူ့ရဲ့ဒီနောက်ဆုံးပေါ် Memory Chip များဟာ 20 Nanometer Class ကို အသုံးပြုထားကြောင်းလည်း အသိပေးပြောကြားခဲ့ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.