Samsung မှ Android အခြေပြု Smartwatch ထုတ်လုပ်မည်
Google Software ကုမ္ပဏီမှ လေ့လာ တွေ့ရှိချက်အရ ယခုနှစ်အတွင်း လက်တွင်ပတ်ဆင်ရသော အီလက်ထရောနစ် ပစ္စည်းများ ပိုမို လူကြိုက်များလာကြောင်း သိရှိရပါသည်။ထို့ကြောင့် Samsung ကုမ္ပဏီအနေဖြင့် လာမည့်တစ်ပတ်အတွင်း ကျင်းပပြုလုပ်မည့် Google ၏ Developer ကွန်ဖရင့်တွင် Android အခြေပြု လက်ပတ်နာရီများကို မိတ်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။
Samsung ကုမ္ပဏီအနေဖြင့် လွန်ခဲ့သော နှစ်အတွင်းက Samsaung Geer ကိုလည်းထုတ်လုပ်ခဲ့ပြီး လက်ရှိအခြေအနေမှာတော့ Smartwatch များကို ဆက်လက် ထုတ်လုပ်သွားမှာ ဖြစ်ကြောင်းပြောကြားခဲ့သည်။Samsung ဟာ ၎င်း Smartwatch များ အတွင်း ကမ္ပဏီ၏ကိုယ်ပိုင် Chipset များကို ထည့်သွင်းအသုံးပြုထားပါသည်။
Operating System အနေနဲ့ကတော့ Google ၏ Android ကိုသာ ထည့်သွင်းအသုံးပြုသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
Samsung မှ သူ၏ Smartwatch အားယခုနှစ်အတွင်း ၁၉ သန်းခန့် ရောင်းချနိုင်မည်ဟု ခန့်မှန်းထားခဲ့သည်။
Samsung နှင့် အပြိုင် LG နှင့် Motorola ကုမ္ပဏီတို့ကိုလည်း Smartwatch များကို ထုတ်လုပ်လာဖွယ်ရှိကြောင်း သတင်းဌာနများမှ သုံးသပ်ခဲ့သည်။