Samsung မှ Gear S ဟု အမည်ပေးထားသော Smartwatch ကို ထုတ်လုပ်

Written by S.N.O Published in 08 Sep 2014

        Samsung ကုမ္ပဏီမှ နောက်ဆုံးပေါ် နည်းပညာမြင့် Smartwatch အသစ်တစ်ခုကို ထပ်မံထုတ်လုပ်ခဲ့ကြောင်း Cnet သတင်းဌာနမှ ရေးသားဖော်ပြခဲ့ပါတယ်။

Samsung မှ ၎င်းရဲ့ Smartwatch အသစ်အား ကွေးညွှတ်နိုင်သော Display ကို အသုံးပြုထားပြီး ၎င်းကို Gear S လို့ အမည်ပေးထားပါတယ်။

 

 

Samsung ရဲ့ Gear S တွင် ၂ လက်မအရွယ်အစား AMOLDED Display ကို အသုံးပြုထားပြီး ၎င်း Display ဟာ Tizen မိုဘိုင်း ရဲ့ စနစ်များကို အခြေခံကာ တည်ဆောက်ထားခြင်းဖြစ်ကြောင်း Samsung မှ ပြောကြားခဲ့ပါတယ်။

        Samsung အနေဖြင့် လက်ရှိ Google ရဲ့ android Mobile OS ကို ပြောင်းလဲ ပြင်ဆင် အသုံးပြုထားပြီး ၎င်းအတွင်း Bluetooth , Wi-Fi ချိတ်ဆက်မှုများ ပါဝင်ကြောင်း 3 G ကွန်ယက်ကို အထောက်အပံ့ပြုနိုင်ကြောင်းလည်း ရှင်းလင်းဖော်ပြထားပါတယ်။

         ၎င်း Gear S အတွင်း 1 GHz Dual Core Processor ကို အသုံးပြုထားပြီး Sensor နည်းပညာရပ်များစွာကိုလည်း ထည့်သွင်းထားပါတယ်။ အခြား ထပ်မံပါဝင်တာတွေကတော့ Barometer , GPS , Compass တို့အပြင် နှလုံးခုန်နှုန်းကို တိုင်းတာသော ကိရိယာများ ၊ UV ကို တိုင်းတာပေးနိုင်သော Feature များလည်း ထည့်သွင်းထားကြောင်း Samsung မှ ရှင်းလင်း ပြောကြားခဲ့ပါတယ်။

        Samsung မှ လွန်ခဲ့သော နှစ်များကလည်း Gear 2 Watch , Gear Fit စတဲ့ Wearable Gadget များကို ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်း Google Glass ကဲ့သို့ Smart Glasses များကိုလည်း ထုတ်လုပ်သွားဖွယ် ရှိကြောင်း Samsung မှ ရှင်းလင်းပြောကြားခဲ့ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.