Samsung မှ Note 4 အား စက်တင်ဘာလ အတွင်း ထုတ်လုပ်ဖွယ်ရှိ

Written by S.N.O Published in 08 Sep 2014

        Samsung ကုမ္ပဏီမှ ၎င်းရဲ့ နာမည်ကြီး Brand တစ်ခုဖြစ်သော Galaxy Note 4 ကို လာမည့် စက်တင်ဘာလအတွင်း ထုတ်လုပ်တော့မှာဖြစ်ပြီး Apple ရဲ့ iPhone 6 နှင့်အပြိုင် ဈေးကွက်အတွင်း ထွက်ရှိလာမှာဖြစ်ကြောင်း အသိပေး ပြောကြားခဲ့ပါတယ်။

 

 

Samsung Note 4 တွင် လျှို့ဝှက်ဓါတ်ပုံများ ရိုက်ကူးနိုင်သော feature အသစ်များကိုထည်း ထည့်သွင်းသွားဖွယ် ရှိကြောင်းလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

         မကြာသေးမီ လပိုင်းကလဲ Samsung မှ Galaxy Note Pro ကို ထုတ်လုပ်ခဲ့ပြီး လူကြိုက်များ အောင်မြင်ခဲ့ပါတယ်။

        ဒါပေမယ့် Galaxy Note Pro နဲ့ပတ်သက်ပြီး multiple Apps များကို အသုံးပြုရာမှာ Limit အနေဖြင့်သာ အသုံးပြုရကြောင်း ၊ Screen မှာလည်း Galaxy Note 10.1 လောက် ချောမွေ့မှုမရှိကြောင်း User များမှ ဖော်ပြပြောဆိုထားတာကို တွေ့ရပါတယ်။

Samsung မှ ရှင်းလင်းပြောကြားချက်အရ Galaxy Note အတွင်း ထည့်သွင်းအသုံးပြု ထားသော Screen ဟာ Pen Canvas အမျိုးအစားဖြစ်ကြောင်း ၊ Gigantic Bright Screen အမျိုးအစားကို အသုံးပြုထားကြောင်း သိရှိရပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.