Samsung ရဲ့ ဖက်ရှင်စတိုင် Fitness Tracker

Written by S.N.O Published in 08 Jul 2014

   Samsung ကုမ္ပဏီမှ နောက်ဆုံးပေါ်ထုတ်လုပ်လိုက်တဲ့ စတိုင်ကျပြီး ပေါ့ပါးတဲ့ Fitness Tracker လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Fitness Tracker လေးဟာ အားကစားသမားများ အသုံးပြုရန်သင့်တော်ပြီး အားကစား Fitness ပြုလုပ်ရာမှာ သင့်ကို အထောက်အပံ့ပေးနိုင်မည့် နောက်ဆုံးပေါ် လက်ပတ် Gadget လေး တစ်ခု ဖြစ်ပါတယ်။ ဒီ Fitness Tracker လေးကို ဆန်ဖရန်စစ္စကိုမြို့မှ Samsung နည်းပညာ ဒီဇိုင်နာတစ်ဦးမှ ဖက်ရှင်ကျကျ တီထွင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

 

 

      Samsung ရဲ့ Fitness Tracker ကို အရွယ်အစားကြီးမားတဲ့ Display စကရင်တစ်မျိုးနဲ့ ပြုလုပ်ထားပါတယ်။

၎င်းရဲ့ Display ဟာ ကွေးညွတ်နိုင်တဲ့အစွမ်းသတ္တိရှိပြီး ၎င်းအတွင်း နောက်ဆုံးပေါ်စွမ်းဆောင်ရည်မြင့် Chipset များဖြင့် ထည့်သွင်းတည်ဆောက်ထားပါတယ်။

Fitness Tracker ဟာ Samsung မှ ထုတ်လုပ်ထားတဲ့ Galaxy Round စမတ်ဖုန်းရဲ့ စကရင်နည်းပညာအတိုင်း တည်ဆောက်ထားတာဖြစ်ပြီး သူ့အတွင်းမှာ ထည့်သွင်းထားတဲ့ Software ဟာလည်း အားကစားပြုလုပ်ရာမှာ တိကျသော နည်းပညာအထောက်အပံ့နှင့် အကြံပြုချက်များကို ဖော်ပြနေမှာ ဖြစ်ပါတယ်။

      Samsung ကုမ္ပဏီအနေဖြင့် ယခုနောက်ပိုင်း လက်တွင်ပတ်ဆင်အသုံးပြုရသော အီလက်ထရောနစ် ပစ္စည်းများကို ထုတ်လုပ်ရန် စိတ်အားထက်သန်လျှက်ရှိပြီး ဒီလက်ပတ် Fitness Tracker ဟာလည်း Sam¬sung ရဲ့ ရောင်းအားကောင်းသော Gadget ပစ္စည်းတစ်ခုဖြစ်လာရန် မျှော်မှန်းလျှက်ရှိကြောင်း Samsung မှ ပြောကြားထားပါတယ်။ Samsung ဟာ Galaxy Gear 2 ထုတ်လုပ်ပြီးနောက်ပိုင်း သူ့ရဲ့ လက်ပတ်အမျိုးအစား ထုတ်ကုန်များကို တွင်တွင်ကျယ်ကျယ် ဆက်လက်ထုတ်လုပ်လာတာဖြစ်ကြောင်း သတင်းဌာနများမှ ဝေဖန် သုံးသပ်ခဲ့ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.