Samsung ရဲ့ 1TB SSD တွင် နောက်ဆုံးပေါ် နည်းပညာများ ပါဝင်လာ

Written by S.N.O Published in 29 May 2014

Samsung မှ အသစ် ထုတ်လုပ်လိုက်သော 1 TB Solid-State Drive ဟာ နောက်ဆုံးပေါ် Memory နည်းပညာရပ်များအပေါ် အခြေခံထားရုံသာမကပဲ ၎င်း ဟာ 3 D နည်းပညာရပ်များအပေါ်လည်း အခြေခံထားကြောင်း Samsung မှ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

         SSD Drive အား နောက်ဆုံးပေါ် ကွန်ပျူတာများအတွင်း ထည့်သွင်း အသုံးပြုရန် ရည်ရွယ်ထားပြီး ဒါဟာ Samsung ရဲ့ ဒုတိယ မျိုးဆက်သစ်ဖြစ်သည့် V-NAND နည်းပညာရပ်အပေါ်မှာ အခြေပြု ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

 

 

     Samsung အနေဖြင့် 128 GB, 256 GB , 512 GB SSD Storage Drive များကိုလည်း ထုတ်လုပ်ထားကြောင်း အသိပေးပြောကြားခဲ့ပြီး ၎င်း Storage Device များအား နောက်ဆုံးပေါ် laptop များအတွင်း ထည့်သွင်းအသုံးပြုရန် ရည်ရွယ်ထားကြောင်း Samsung မှ အသိပေး ကြေငြာခဲ့သည်။

ဒါပေမယ့် Samsung အနေဖြင့် ဒီ SSD များအပေါ် ဈေးနှုန်း မသတ်မှတ်ရသေးကြောင်း ၊ သြဂုတ်လအတွင်း ဈေးကွက်ထဲသို့ အမြောက်အများ ထုတ်လုပ် တင်သွင်းသွားမှာ ဖြစ်ကြောင်းလည်း Samsung မှ ပြောကြားခဲ့ပါတယ်။

ဒီ SSD များဟာ Samsung ရဲ့ မူလ V-NAND နည်းပညာရပ်ကို အခြေပြုသလို 32 NAND Storage Layer များအား ပေါင်းစပ်ပြီး Chipset တစ်ခု အနေဖြင့် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီ Chipset များအား Vertical အနေအထားအတိုင်း laptop များအတွင်း တင်ဆပ် အသုံးပြုရမှာဖြစ်ပြီး ယခင် SSD များထက် အရွယ်အစား သေးငယ်ကာ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်ကြောင်း Samsung မှ ထုတ်ဖော်ပြောကြားခဲ့ပါသည်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.