Screen Capture ဖမ်းယူခြင်း

Written by S.N.O Published in 23 May 2014

       Windows ပေါ်မှာ ပေါ်နေတဲ့ ပုံရိပ်တွေ၊ ကွန်ပျူတာ စကရင်ပေါ်မှာ မြင်နေရတဲ့ အရာတွေကို Screen Shot ဖမ်းယူလို့ရပါတယ်။

အဲဒီလို Screen Shot ဖမ်းယူရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကွန်ပျူ တာနည်းပညာပိုင်းဆိုင်ရာ ဆောင်းပါးများ၊ သတင်းများ၊ စာအုပ်များ၊ ထုတ်လုပ်ရာမှာ Step by Step အလိုက် ရှင်းလင်းချက်များဖော်ပြရာတွင် အသုံးပြုနိုင်ရန်အတွက် ဖြစ်ပါတယ်။

ယခု ၀ဘ်ပေါ်မှာ တင်ထားတဲ့ Post တွေမှာ အသုံးပြုထားတဲ့ ပုံတွေဟာလည်း Screen Shot ဖမ်းယူထားတာ ဖြစ်ပါတယ်။ Screen Shot ဖမ်းယူရာတွင် Keyboard မှ Print Screen ဆိုသည့် Key ကို နှိပ်ကာ ဖမ်းယူနိုင်ပါတယ်။

Screen Shot ဖမ်းယူရာတွင် နည်းလမ်း နှစ်မျိုးရှိပါတယ်။

ပထမနည်းလမ်းကတော့ Screen တစ်ခုလုံးကို ဖမ်းယူတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါကတော့ လွယ်ပါတယ်။ Screen shot ဖမ်းယူရန်အတွက် အထက်မှာ ဖော်ပြခဲ့သလိုပဲ Print Screen Key ကို နှိပ်လိုက်ပါ။

ပြီးနောက် Windows တွင် အသင့်ပါဝင်လာသော Paint ကို ဖွင့်လိုက်ပါ။ ပြီးနောက် Paste (Ctrl+V) ကို နှိပ်လိုက်ပါ။ ဒါဆိုရင် သင် Screen Shot ဖမ်းယူထားတဲ့ ပုံတစ်ခုလုံးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

 

Fig (1)

 

ပြီးရင်တော့ သင်ဖမ်းယူထားတဲ့ ပုံကို သိမ်းဆည်းရန်အတွက် Save လုပ်ပေးရမှာ ဖြစ်ပါတယ်။ သင့်ကွန်ပျူတာအတွင်း နှစ်သက်ရာနေရာတစ်ခုခုတွင် သိမ်းဆည်းပြီး လိုအပ်သလို ပြန်လည်အသုံးပြုနိုင်ပါပြီ။

Screen Shot ဖမ်းယူရန်အတွက် ဒုတိယနည်းလမ်းကို ဆက်လက်ပြောပါမယ်။ ဒီနည်းလမ်းကတော့ သင်လိုချင်တဲ့ နေရာတစ်ခုကိုပဲ တစ်နည်းအားဖြင့် Windows မှ တစ်ခုခု ရွေးချယ်ရန် မေးမြန်းသည့်  Box များကိုပဲ သီးသန့် Screen Shot ဖမ်းယူရန် ဖြစ်ပါတယ်။

အဲဒီလို ဖမ်းယူရန်အတွက်ကတော့ Ctrl + Alt + Print Screen ကို နှိပ်လိုက်ပါ။ ပြီးနောက် Paint တွင် Ctrl + V တွဲနှိပ်ပြီး Paste လုပ်လိုက်ပါ။ ဒါဆိုရင် Box သီးသန့်သာ Screen Shot ပြုလုပ်ပေးသွားပါလိမ့်မယ်။ အောက်ကပုံကို ကြည့်ပါ။

 

 

အခုဆိုရင် Screen Shot ဖမ်းယူသည့် အပိုင်းကို လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်သွားပြီ ဖြစ်ပါတယ်။ ဒီလို Screen Shot ဖမ်းယူပြီးနောက် အချို့ကတော့ JPEG File နှင့် သိမ်းဆည်းကြပါတယ်။

တစ်ချို့ကတော့ အခြားသော BitMap, Tiff , Gif စသည့် Photo Graphic File များနှင့်သိမ်းဆည်းကြပါတယ်။ သင့်အနေဖြင့် Edit ပြန်လုပ်ရန်ပဲဖြစ်ဖြစ်၊ သိမ်းထားရန်ပဲဖြစ်ဖြစ် အဆင်အပြေဆုံး Format တစ်ခုကို အသုံးပြုချင်တယ်ဆိုရင်တော့ JPEG File Format ကိုသာ အသုံးပြုရန်သင့်တော်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.