Screen Saver ကို ပြောင်းလဲခြင်း

Written by S.N.O Published in 14 Oct 2014

Screen Saver ဆိုတာကတော့ ကွန်ပျူတာ ကို အချိန်ကြာမြင့်စွာ ( ငါးမိနစ် ၊ ဆယ်မိနစ် ၊ ဆယ့်ငါးမိနစ်) မသုံးပဲထားပါက Screen Display ကို ကာကွယ်ရန်အတွက် Windows မှ ထည့်သွင်းပေးထားတဲ့ Feature တစ်ခု ဖြစ်ပါတယ်။

ဒီလို Screen Saver တွေကို သင်နှစ်သက်ရာ အမည် ၊ စာသားများ ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။

ကွန်ပျူတာရဲ့ Screen Saver ကိုပြောင်းလဲရန်အတွက် Start > Contraol Panel ကို ၀င်ရောက်လိုက်ပါ။ ပြီးနောက် Appearance and Personalization ကို ရွေးချယ်ပေးလိုက်ပါမယ်။

 

 

ထို့နောက် Personalization Group ရဲ့ အောက်က Change Screen Saver ကို ဆက်လက်ရွေးချယ်ပေးလိုက်ပါမယ်။

 

 

        အခုဆိုရင်တော့ Screen Saver Settings ထဲကို ရောက်သွားပြီ ဖြစ်ပါတယ်။ အဲဒီနောက် Screen Saver အောက်က Down arrow လေးကိုနှိပ်ပြီး သင်နှစ်သက်ရာ Screen Saver ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ Wait နေရာမှာ 4 ဖြစ်နေတဲ့ အတွက်ကြောင့် ကွန်ပျူတာဟာ လေးမိနစ်ခန့် inactive ဖြစ်တဲ့အခါမှာ Screen Saver ဟာ ပေါ်လာမယ်လို့ပြောတာပါ။

On Resume , Display logon screen ကတော့ Screen Saver မှတဆင့် ကွန်ပျူတာကို ပြန်ပြီး Logon ပြန်ဝင်ရာမှာ Logon Screen ကို ပြန်လည်မြင်တွေ့လိုတဲ့အခါမှာ အသုံးပြုပါတယ်။

အခု Screen Saver Mode နေရာမှာ Bubbles ကို ရွေးလိုက်ပါတယ်။ Wait နေရာမှာတော့ 10 မိနစ်ခန့် ထားရှိလိုက်ပါမယ်။ အားလုံးပြီးသွားရင်တော့ Apply > OK ကို နှိပ်လိုက်ပါမယ်။

 

 

ဒီလောက်ဆိုရင်တော့ ကွန်ပျူတာရဲ့ Screen Saver ကို သင့်စိတ်ကြိုက်ပြောင်းလဲသတ်မှတ်နိုင်ပြီ ဖြစ်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.