Search Index ကို အသုံးပြုခြင်း

Written by S.N.O Published in 04 Sep 2014

Index ဆိုတာကတော့ Windows မှ File အမျိုးအစားများကို ခွဲခြား သတ်မှတ်ပြထားသော Feature တစ်ခု ဖြစ်ပါတယ်။

        Index မှာ ဘာတွေ ပါဝင်သလဲဆိုတော့ Windows မှ ထည့်သွင်းထားသော Program များအလိုက် File Extension များနှင့် မည်သည့် File Type ဆိုတာကို ပြသပေးသည့် Function များ ပါဝင်ပါတယ်။အခု သင်ခန်းစာကတော့ Windows ရဲ့ Search Index ကို ဘယ်လိုအသုံးပြုရမယ်၊ File Extension များကို ဘယ်လိုထည့်သွင်းရမယ် ဆိုတာကို ရှင်းလင်းသင်ကြားပေးမည့် သင်ခန်းစာတစ်ရပ် ဖြစ်ပါတယ်။

    Search Index ကို ခေါ်ယူအသုံးပြုရန်အတွက် Start ကို နှိပ်လိုက်ပါ။ အောက်ဖက်ရှိ Search box မှာ index လို့ ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် Indexing Options ကျလာတာကို တွေ့ရပါလိမ့်မယ်။

 

 

    အပေါ်ဖက်ဆုံးတွင် ကွန်ပျူတာအတွင်းရှိ Item များကို ဖော်ပြပေးထားတာကို တွေ့ရပါတယ်။ အောက်ဖက်ရှိ Advanced ကို တစ်ချက် Click နှိပ်လိုက်ပါ။

 

 

    ပြီးနောက် File Types ကို ရွေးချယ်လိုက်ပါ။ ဒါဆိုရင် ကွန်ပျူတာ Program များအတွင်း အသုံးပြုထားသော File Type များ အားလုံးကို ပြသပေးနေမှာဖြစ်ပြီး မည်သည့် Extenstion အား ဘယ် Software နှင့် ဖွင့်လှစ်ရမည်ကိုပါ ပူးတွဲဖော်ပြထားတာကို တွေ့ရပါလိမ့်မယ်။

တကယ်လို့ Extenstion များ ထပ်မံထည့်ချင်တယ်ဆိုရင်တော့ Add new Extension တွင် ထပ်မံထည့်သွင်းနိုင်ပါတယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.