Secreen Saver တွင် မိမိစိတ်ကြိုက်ပုံများထည့်သွင်းခြင်း

Written by S.N.O Published in 24 Jun 2014

   သင့်ကွန်ပျူတာမှာ Screen Saver တက်လာတဲ့အခါမှာ သင့်စိတ်ကြိုက်ပုံလေးတွေ ပေါ်စေချင်ရင် ပြုလုပ်ရမည့် နည်းလမ်းလေးတွေကို ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။

ဒီိလိုမျိုး Screen Saver မှာ ကိုယ့်စိတ်ကြိုက်ပုံလေးများ တင်ထားခြင်းဟာလည်း  မိမိစိတ်ကို ကြည်နူးစေပြီး Screen Saver တင်ထားခြင်း အားဖြင့်လည်း Monitor Screen ထိခိုက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

    အခု ပထမဆုံး Screen Saver မှာ သင့်စိတ်ကြိုက်ပုံတွေကို တင်ဖို့ရန်အတွက်  ပုံ (၁) မှာ ပြထားတဲ့အတိုင်း Desktop ပေါ်မှာ Right Click နှိပ်ပြီး Properties ထဲဝင်ပါ။

 

ပုံ (၁)  


    ထို့နောက် Display Properties Box ပေါ်လာရင် Screen saver Tab ထဲကို သွားပါ။ Screen saver ရဲ့ Dialog box ထဲမှာ My Pictures Slideshow ကို ရွေးပေးပါ။ ပြီးလျှင် Settings ကို နှိပ်ပါ။

 

ပုံ (၂)  

     

     အောက်ပါပုံအတိုင်း  My Pictures Screen Saver Options ပွင့်လာပါမယ်။

 

ပုံ (၃)  

    

     အဲ့ဒီထဲမှာ Use pictures in this folder ထဲမှာ Browse ကို နှိပ်ပြီး ပုံ (၄) မှာ ပြထားတဲ့အတိုင်း မိမိပေါ်ချင်တဲ့ ပုံတွေရှိရာ လမ်းကြောင်းကို ရွေးပေးပြီး OK ကို နှိပ်ပါ။ ပုံတွေကို How often should pictures change မှာ အနှေးအမြန် ဘယ်လို ပေါ်စေချင်လည်းဆိုတာကို ရွေးပေးလို့ ရပါတယ်။

     How big should pictures be ထဲမှာ ပုံကို သေးသေး ပေါ်စေချင်လား ကြီးကြီး ပေါ်စေချင်လား ရွေးပေးလို့ ရပါသေးတယ်။ စိတ်တိုင်းကျ ရွေးပြီးပြီဆိုရင် OK နှိပ်ပါ။

 

ပုံ (၄)  

   

     ပြီးလျှင် ပုံ (၅) မှာလို Apply နဲ့ OK နှိပ်ပြီး ထွက်လိုက်ရင် Screen Sarver ပေါ်လာရင် ကိုယ့်ပေါ်စေချင်တဲ့ပုံတွေ ပေါ်လာ ပါလိမ့်မယ်။ နမူနာ ကြည့်ချင်ရင် Preview ကို နှိပ်ပြီး ကြည့်နိုင်ပါတယ်။

 

ပုံ (၅)  

    

    ဒါဆိုရင် သင့်ကွန်ပျူတာရဲ့ Screen Saver မှာ သင်ရွေးချယ်ပေးလိုက်တဲ့ ပုံလေးတွေအတိုင်း တစ်ပုံချင်းစီ ပြောင်းလဲ တက်လာတာကို တွေ့ရပါလိမ့်မယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.