Selecting Cells
Microsoft Excel မှာ Cell အကွက်များကို Select ပြုလုပ်ရာမှာ ပုံမှန် ပြုလုပ်နေကျအတိုင်း mouse နှင့် Click လုပ်ကာ Select ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် Worksheet ကြီးမား များပြားလာတာနှင့်အမျှ Select ပြုလုပ်ရတာ အနည်းငယ် အခက်အခဲရှိပါတယ်။
ဒီလို အခြေအနေမျိုးတွေအတွက် Keyboard မှ Shortcut များကို အသုံးပြုကာ Select ပြုလုပ်နိုင်ပါတယ်။ Cell အကွက်များကို Select ပြုလုပ်ရာမှာ Mouse နှင့်ကော keyboard နှင့်ပါ နှစ်မျိုးစလုံး Select ပြုလုပ်တတ်ရန် လိုအပ်ပါတယ်။
(၁) Cell အကွက်တစ်ကွက်ကို Select ပြုလုပ်ရန်အတွက် Mouse နှင့် Click တစ်ချက်နှိပ်ပြီး Select ပြုလုပ်နိုင်ပါတယ်။
(၂) Cell အကွက်များကို Select ပြုလုပ်ရန်အတွက် Shift Key ကိုဖိပြီး Mouse နှင့်ဆွဲကာ Select ပြုလုပ်နိုင်ပါတယ်။
(၃) မတူညီတဲ့ Cell အကွက်များကို Select ပြုလုပ်ရန်အတွက် Control Key ကိုဖိပြီး Mouse နှင့် Select ပြုလုပ်နိုင်ပါတယ်။
(၄) Roll နဲ့ Column အကွက်များပေါ်တွင် Mouse နှင့် Click လုပ်လိုက်ပါက သက်ဆိုင်ရာ Roll အားလုံး (သို့မဟုတ်) Column အားလုံးကို Select ပြုလုပ်ပေးပါတယ်။
Keyborad နှင့် Select ပြုလုပ်လိုပါက
(၁) Left Arrow , Right Arrow , Down Arrow , Up Arrow များကို အသုံးပြုပြီး Cell အကွက်များကိုSelect ပြုလုပ်နိုင်ပါတယ်။
(၂) Shift Key နှင့် Arrow Key များကို ပူးတွဲအသုံးပြုကာ Cell အကွက်များစွာကို Select ပြုလုပ်နိုင်ပါတယ်။
(၃) Contro + A ကို တွဲနှိပ်ကာ Cell အကွက်များ အားလုံးကို Select ပြုလုပ်နိုင်ပါတယ်။