Slide များကို Video File အနေဖြင့် ပြောင်းလဲခြင်း

Written by S.N.O Published in 27 Aug 2014

        PowerPoint တွင် ပြုလုပ်ဖန်တီးထားသော Presentation များကို Video File Format အနေဖြင့် ပြောင်းလဲရယူနိုင်ပါတယ်။ ဒီလို Video File အနေဖြင့် ပြောင်းလဲရယူနိုင်တာကြောင့် Presentation ပြုလုပ်ရာတွင် ပိုမိုကောင်းမွန် အဆင်ပြေနိုင်ပါတယ်။

ဥပမာ Presentation ပြုလုပ်ထားသည့် File Project ဟာ Power Point ဖြစ်နေမယ်။ Presentation ပြုလုပ်ပြမည့် ကွန်ပျူတာမှာ PowerPoint မရှိဘူးဆိုရင် ဒီ Project ကို ထုတ်လုပ်ပြသဖို့ရန် အဆင်ပြေမှာ မဟုတ်ပါဘူး။

        ဒီလိုမျိုး ပြဿဿဿဿဿဿနာမျိုးတွေ မဖြစ်ပေါ်စေရန်အတွက် Slide ပြုလုပ်ထားသော Project များကို တစ်ခါတည်း Video အနေဖြင့် ပြောင်းလဲရယူထားနိုင်ပါတယ်။ ဒါဆိုရင် ဘယ်ကွန်ပျူတာမှာမဆို အဆင်ပြေပြေ Windows Media Player နှင့် ဖွင့်ပြီး Presentation များကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Slide Project များကို Video File အနေဖြင့် ထုတ်ယူရန်အတွက် File ကို နှိပ်လိုက်ပါ။ ပြီးနောက် Save As ကို ရွေးချယ်ပေးလိုက်ပါ။

 

 

        ထို့နောက် ကွန်ပျူတာအတွင်းရှိ နှစ်သက်ရာ နေရာတစ်နေရာတွင် အမည်တစ်ခုပေး၍ သိမ်းဆည်းပေးရမှာ ဖြစ်ပါတယ်။ ဒီလို သိမ်းဆည်းရာမှာ Save as Type နေရာတွင် Windows Media Video File အမျိုးအစားကို ပြောင်းလဲ သိမ်းဆည်းပေးရမှာ ဖြစ်ပါတယ်။

 

 

        ဒါဆိုရင် သင်ပြုလုပ်ဖန်တီးထားတဲ့ Slide များကို Video အနေဖြင့် Convert ပြုလုပ်ပေးမှာဖြစ်ပါတယ။် Slide အရေအတွက် ပေါ်မူတည်ပြီး အချိန်တော်တော်လေး စောင့်ဆိုင်းရပါလိမ့်မယ်။

        အားလုံးပြီးသွားရင်တော့ Video File ကို ပြန်လည်ကြည့်ရှုပြီး စစ်ဆေးကြည့်ပါ။ တစ်ခါတစ်ရံ ကွန်ပျူတာရဲ့ Graphic စွမ်းဆောင်ရည် ကျဆင်းမှုကြောင့် အရုပ်များေ၀၀ါးနေတတ်လို့ ဖြစ်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.