Sony မှ Core Series စပီကာများ ထုတ်လုပ်

Written by S.N.O Published in 18 Jul 2014

    ကမ္ဘာကျော် အသံပိုင်းဆိုင်ရာ စပီကာများ ထုတ်လုပ်လျှက်ရှိသော Sony ကုမ္ပဏီမှ ၎င်းရဲ့နောက်ဆုံးပေါ် Core Series စပီကာများကို ဈေးကွက်အတွင်း ထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း ပြောကြားသွားပါတယ်။

Sony မှ ၎င်းရဲ့ နောက်ဆုံးပေါ် စပီကာအား Sony SS-CS5 ဟု အမည်ပေးထားပြီး ၎င်းစပီကာများဟာ နောက်ဆုံးပေါ် ဈေးအကြီးဆုံး စပီကာများဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Sony ရဲ့ စပီကာအသစ်များဟာ Three way Bookshelf စပီကာ အမျိုးအစားများဖြစ်ပြီး လက်ရှိအချိန်မှာ ဈေးကွက်အတွင်း အလွယ်တကူ ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်းလည်း အသိပေး ပြောကြားခဲ့ပါတယ်။

 


    

Sony ဟာ နောက်ဆုံးပေါ် Core စပီကာများ ထုတ်လုပ်မှု လမ်းကြောင်းဘက်ကို တစ်စိုက်မတ်မတ် ဆက်လက် လုပ်ကိုင်သွားမှာ ဖြစ်သလို အရည်အသွေးမြင့်မားတဲ့ နည်းပညာရပ်မြင့် ပစ္စည်းများဖက်သို့သာ စိတ်အာရုံ ၀င်စားလျှက်ရှိတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ယခု စပီကာများကိုလည်း Three Way ဒီဇိုင်းဖြင့် ပြုလုပ်ထားတာဖြစ်ပြီး Woofer , Midrage , Tweeter ဟု စပီကာများကို သုံးမျိုးပေါင်းစပ်ကာ တီထွင်ထားခြင်း ဖြစ်ကြောင်းလည်း ပြောကြားသွားပါတယ်။

ယခု SS-CS5 တွင်လည်း 5 လက်မအရွယ် Mica-Rainforced Woofer ကို အသုံးပြုထားပြီး 1 လက်မအရွယ် Dome Tweeter ကို အသုံးပြု ထည့်သွင်းထားပါတယ်။

Sony ရဲ့ Tweeter ဟာ အလွန် စူးရှလွန်းသော Frequency များကို အသေးစိတ် ထုတ်လုပ်ပေးနိုင်ပြီး ၎င်းရဲ့ Frequency Response ဟာ 50 KHz မှာ ရှိနေကြောင်းလည်း ပြောကြားသွားပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.