Sony DVD Architect ကိုအသုံးပြုခြင်း (1)

Written by S.N.O Published in 04 Jul 2014

Sony DVD Architect အကြောင်းသိကောင်းစရာ (1)

Sony DVD Architect ဟာ professional DVD နှင့် Blu-ray disc များ ဖန်တီးရာတွင် အသုံးပြုနိုင်တဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။

၎င်းဆော့ဖ်ဝဲဟာ DVD အခွေများအပြင် Blu-ray disc များကို အလွယ်တကူဖန်တီးနိုင်ပြီး widescreen အနေဖြင့်လည်း DVD movie များကို ဖန်တီးရယူနိုင်ပါတယ်။ ဆော့ဖ်ဝဲ အသွင်အပြင်ဟာ ရှင်းလင်းလွယ်ကူပြီး Drag and Drop အနေဖြင့် အလွယ်တကူ အသုံးပြုလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Sony DVD Architect ရဲ့ အားသာချက်တွေကတော့ professional dvd များကို အချိန်တိုအတွင်း ဖန်တီးနိုင်ခြင်း၊ DVD background အတွက် အသုံးပြုနိုင်သော theme မြောက်များစွာ ပါဝင်ခြင်း၊ ဗီဒီယိုဖိုင်များ၊ ဓာတ်ပုံဖိုင်များ၊ သီချင်းများကိုပါ ထည့်သွင်းဖန်တီးနိုင်ခြင်း စတာတွေ ဖြစ်ပါတယ်။

 

 

Sony DVD Architect တွင် အလွယ်တကူ အသုံးပြုနိုင်သော Theme များစွာ ပါဝင်ပြီး သင့်ရဲ့ ကိုယ်ပိုင်ဓာတ်ပုံများကို ထည့်သွင်းကာ Custom Theme အနေဖြင့် အသုံးပြုနိုင်ပါတယ်။ Explorer မှတစ်ဆင့် ဗီဒီယို၊ ဓာတ်ပုံ၊ သီချင်းများ ထည့်သွင်းရမှာဖြစ်ပြီး အခြားသော multimedia project များကိုလည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

ကိုယ်ပိုင် DVD အခွေတစ်ခွေအနေဖြင့် ရယူရန်အတွက် built in DVD burning ပါဝင်ပြီး widescreen format များဖြစ်သည့် 4:3 , 16 : 9 စသည်ဖြင့် ရွေးချယ် အသုံးပြုနိုင်ပါတယ်။

Sony DVD Architect ဟာ ဗီဒီယိုဖိုင်များအပြင် Slideshow များပြုလုပ်ရာမှာလည်း အသုံးပြုနိုင်တဲ့ ဆော့ဖ်ဝဲကောင်းတစ်ခု ဖြစ်ပါတယ်။ ဓာတ်ပုံဖိုင် format များစွာကို ထည့်သွင်းအသုံးပြုနိုင်ပြီး အခြားသော video clip များနှင့်လည်း တွဲဖက် အသုံးပြုနိုင်ပါတယ်။

Media format များအနေဖြင့် text , graphics များကို အသုံးပြုနိုင်ပြီး အခြားသော စာသားရေးထိုးခြင်း၊ caption ရေးထိုးခြင်း၊ Effect ပြုလုပ်ခြင်းများကိုပါ အလွယ်တကူ ဆောင်ရွက်နိုင်ပါတယ်။ Sony DVD Architect တွင် built in burning ပါဝင်ပြီး DVD –R , DVD-RW စသည်ဖြင့် အသုံးပြုနိုင်ပါတယ်။

Sony DVD Architect ကို သင့်ကွန်ပျူတာအတွင်း ထည့်သွင်းအသုံးပြုရန်အတွက် သင့်ကွန်ပျူတာတွင် အနည်းဆုံး 1GHz Processor မှ အထက် တပ်ဆင်ထားရန် လိုအပ်ပါတယ်။ RAM အနေဖြင့် 1GB ခန့်ရှိရန် လိုအပ်ပြီး Microsoft DirectX 9.0 မှ အထက် ထည့်သွင်းထားရန် လိုအပ်ပါတယ်။

နှစ်သက်ရာ windows များအတွင်း ထည့်သွင်းအသုံးပြုနိုင်ပြီး ဗီဒီယိုတည်းဖြတ်ခြင်းလုပ်ငန်းများ၊ ကိုယ်ပိုင် DVD အခွေဖန်တီးလိုသူများ၊ Slideshow ပြုလုပ်ဖန်တီးလိုသူများအတွက် သင့်တော်တဲ့ ဆော့ဖ်ဝဲကောင်းတစ်ခု ဖြစ်ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.