Sony DVD Architect ကိုအသုံးပြုခြင်း (2)
Sony DVD Architect ဖြင့် အလွယ်ကူဆုံး DVD တစ်ခွေ ပြုလုပ်ခြင်း
Sony DVD Architect ဟာ DVD အခွေများ ပြုလုပ်ဖန်တီးရာတွင် အသုံးပြုတဲ့ ဆော့ဖ်ဝဲတစ်ခုဖြစ်ပြီး အသုံးပြုဖန်တီးရာမှာ အလွန်ပဲ လွယ်ကူလှပါတယ်။ ပထမဆုံး အနေဖြင့် နမူနာ DVD ဗီဒီယို အခွေတစ်ခွေ ပြုလုပ်ပုံကို မိတ်ဆက်ဖော်ပြပေးပါမယ်။ Sony DVD Architect ကို အသုံးပြုပြီး DVD အခွေတစ်ခွေ ပြုလုပ်ရန်အတွက် သင့်ကွန်ပျူတာအတွင်း ဗီဒီယိုဖိုင်များ ထည့်သွင်းထားနိုင်ရန် လိုအပ်ပါတယ်။
ဥပမာ သင်နှစ်သက်ရာ ဗီဒီယိုသီချင်းဖိုင်များ (အနည်းဆုံး 3 ပုဒ်) ခန့် လိုအပ်ပါတယ်။ ပထမဆုံးအနေဖြင့် Sony DVD Architect ကို သင့်ကွန်ပျူတာအတွင်း ထည့်သွင်းလိုက်ပါ။ ထို့နောက် Sony DVD Architect ကို ဖွင့်ပြီး New Project တစ်ခုကို ပြုလုပ်ရန် File > New (Ctrl + N) ကို တစ်ချက်နှိပ်လိုက်ပါ။
ထို့နောက် အောက်ဖော်ပြပါ ပုံအတိုင်း မြင်တွေ့ရမှာ ဖြစ်ပြီး Menu Base ကို ရွေးချယ်ကာ Ok ကို တစ်ချက် Click နှိပ်လိုက်ပါ။
Fig (1)
Sony DVD Architect ရဲ့ New Project တစ်ခုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Sony DVD Architect ရှင်းလင်းလွယ်ကူပြီး Explorer , Themes , Buttons , Background , Timeline အစရှိသဖြင့် window များကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
Explorer ကတော့ သင့်ကွန်ပျူတာအတွင်းမှ ဗီဒီယိုဖိုင်များ၊ သီချင်းဖိုင်များ၊ ဓာတ်ပုံဖိုင်များကို ထည့်သွင်းနိုင်ရန်အတွက်ဖြစ်ပြီး Drag and drop အနေဖြင့် Timeline အတွင်းသို့ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။
Fig (2)