Sony DVD Architect ကိုအသုံးပြုခြင်း (3)

Written by S.N.O Published in 04 Jul 2014

Menu များ ဖန်တီးခြင်း

      ယခုဆက်လက်ပြီး လေ့လာပြုလုပ်မည့် အပိုင်းကတော့ DVD အခွေများအတွင်း Menu များ ပြုလုပ်ခြင်း ဖြစ်ပါတယ်။ 

Sony DVD Architect ဖြင့် DVD Title တစ်ခုကို ဖန်တီးရန်အတွက် Theme ကို တစ်ချက်နှိပ်လိုက်ပါ။ Sony DVD Architect တွင် Theme ပေါင်းမြောက်များစွာ ပါဝင်ပြီး နှစ်သက်ရာ Theme တစ်ခုကို ရွေးချယ်လိုက်ပါ။

ဥပမာ Birthday One ကို Double Click နှိပ်လိုက်ပါ။ ထိုအခါ သင့်ရဲ့ DVD menu ဟာ အောက်ဖော်ပြပါပုံအတိုင်း ပြောင်းလဲသွားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Menu 1 နေရာတွင် နှစ်သက်ရာစာသားများ ရေးထိုးရန်အတွက် keyboard မှတစ်ဆင့် F2 ကိုတစ်ချက် Click နှိပ်ကာ Rename ပြုလုပ်လိုက်ပါ။ ထိုနောက် Sample Movie ဆိုပြီး အမည်ပြောင်းလဲ ရေးထိုးပေးလိုက်ပါ။

 

Fig (1)

သင့်ရဲ့ DVD Menu တွင် နောက်ခံအသံများ ထည့်သွင်းရန်အတွက် Explore မှတစ်ဆင့် နှစ်သက်ရာ သီချင်းဖိုင်တစ်ခုကို ထပ်မံထည့်သွင်းပေးလိုက်ပါ။ ထိုကဲ့သို့ ထည့်သွင်းလိုက်သော သီချင်းဖိုင်ဟာ အလွန်ဆုံး 15 second လောက်သာ ရှိသင့်ပါတယ်။

ထိုကဲ့သို့ 15 second စာ သီချင်းဖိုင်ကို ရရှိရန်ကတော့ နှစ်သက်ရာ Wave Editing ဆော့ဖ်ဝဲတစ်မျိုးသုံးပြီး ကြိုတင်ဖြတ်တောက် ထားနိုင်ပါတယ်။ ထိုကဲ့သို့ သီချင်းဖိုင်တစ်ခုကို ဖြတ်တောက်ရယူပြီးပါက Explorer မှတဆင့် Drag ဆွဲကာ Timeline အတွင်း ထည့်သွင်းပေးလိုက်ပါ။

 

Fig (2)

ထို့နောက် သင့်ကွန်ပျူတာအတွင်းမှ အခြားသော ဗီဒီယိုဖိုင်များကို ထပ်မံထည့်သွင်းရမှာ ဖြစ်ပါတယ်။ Explorer မှတစ်ဆင့် သင်ရွေးချယ်ထားသော ဗီဒီယိုဖိုင်အား သင်ရေးထိုးထားသော Sample Moive ပေါ်သို့ ဆွဲတင်လိုက်ပါ။

 

Fig (3)

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.