Sony DVD Architect ကိုအသုံးပြုခြင်း (4)

Written by S.N.O Published in 04 Jul 2014

      ယခု ဆက်လက်လေ့လာရမှာကတော့ Sony DVD Architect ကို အသုံးပြုပြီး DVD Menu များ ပြုလုပ်ခြင်း ဖြစ်ပါတယ်။ Menu တစ်ခုကို ပြုလုပ်ဖန်တီးပြီးနောက် ၎င်း Menu အတွင်းသို့  နှစ်သက်ရာ ဗီဒီယို ဖိုင်များကို Mouse နှင့်ဆွဲတင်ပြီးထည့်သွင်းနိုင်ပါတယ်။

ထိုနည်းလမ်းအတိုင်း  အခြားသော ဗီဒီယိုဖိုင်များကိုလည်း သင့်စိတ်ကြိုက် ထည့်သွင်းနိုင်ပါတယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာကတော့ DVD ဖြစ်တဲ့အတွက် ကြောင့် Video File အားလုံးရဲ့ File Size ဟာ 4 GB ထက်ကျော်လွန်လို့ မရပါဘူး။

 

 

Fig (1)

 

 

Fig (2)

ထိုအခါ အောက်ဖော်ပြပါပုံအတိုင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

 

Fig (3)


ယခုဆိုလျှင် DVD Menu တစ်ခုအောင်မြင်စွာဖန်တီးပြီးသွားပြီ ဖြစ်ပါတယ်။ နှစ်သက်ရာ သီချင်းဖိုင်ကို Click နှိပ်ကာ ကြည့်ရှုနိုင်ပါပြီ။

Sony DVD Architect ဟာ တကယ့် DVD စက်တွေမှာ မြင်တွေ့ရမည့်ပုံစံအတိုင်း ဖော်ပြပေးထားပြီး ရှေ့ရစ်ခြင်း၊ နောက်ပြန်သွားခြင်း ၊ Menu ခေါ်ယူခြင်း စတာတွေကို အလွယ်တကူလုပ်ဆောင်နိုင်ပါတယ်။ သင်ဖန်တီးလိုက်သော DVD အခွေအား နောက်ဆုံးအဆင့် Final DVD အနေဖြင့်ရယူရန်အတွက် Make DVD ကို Click တစ်ချက်နှိပ်လိုက်ပါ။

 

Fig (4)

Prepare ကတော့ နောက်ဆုံး အဆင့် DVD အနေဖြင့် မကူးယူမီ သင့်ကွန်ပျူတာအတွင်း သိမ်းဆည်းထားရန်အတွက်ဖြစ်ပြီး Burn ကတော့ DVD အခွေအနေဖြင့် ကူးယူရန် ဖြစ်ပါတယ်။ ယခုအခါမှာတော့ Prepare ကိုသာ တစ်ချက် Click နှိပ်ပြီး သင့်ကွန်ပျူတာအတွင်း ကြိုက်နှစ်သက်ရာနေရာတွင် သိမ်းဆည်းထားလိုက်ပါ။

 

Fig (5)

Rendering ပြုလုပ်သိမ်းဆည်းပေးနေသည့်ပုံ ဖြစ်ပါတယ်။ ထိုကဲ့သို့ Rendering ပြုလုပ်ပြီးပြီဆိုပါက DVD အခွေအနေဖြင့် အလွယ်တကူ ကူးယူထားနိုင်ပြီ ဖြစ်ပါတယ်။ တကယ်လို့ ကွန်ပျူတာဖြင့် ပြန်လည်ကြည့်ရှုချင်တယ်ဆိုရင်တော့ Power DVD , KM Player အစရှိသဖြင့် ကြိုက်နှစ်သက်ရာ Player တစ်ခုခုဖြင့် ပြန်လည်ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.