Sound Recorder ကိုအသုံးပြု ကာ အသံဖမ်းယူခြင်း

Written by S.N.O Published in 26 May 2014

Microsoft Windows မှာ ပြင်ပမှ အသံများ ဖမ်းယူရန်အတွက် Sound Recorder ပါဝင်ပါတယ်။ အသင့်အနေဖြင့် စကားပြောသံများ၊ Voice Message များကို ၎င်း Recorder ကို အသုံးပြုပြီး အသံဖမ်းယူထားနိုင်ပါတယ်။

Microsoft Windows ရဲ့ Sound Recorder ဟာ အသံအရည်အသွေး သင့်တင့်ကောင်းမွန်ပေမယ့် တကယ့် Professional Recording Software တွေလောက်တော့ အသံစနစ် မကောင်းမွန်လှပါဘူး။

ဒါပေမယ့် Voice Message နှင့် အခြားသော အသံဖမ်းယူမှုများအတွက်တော့ လုံလုံလောက်လောက် အသုံးပြုနိုင်သည့် Feature များ ပါဝင်ပါတယ်။ Microsoft Sound Recorder ကို အသုံးပြုရန်အတွက် Start Button > All Program > Accessories > Sound Recorder ကို ရွေးချယ်ပေးလိုက်ပါ။

ဒါဆိုရင် အောက်ကပုံအတိုင်း Sound Recorder Application ပွင့်လာတာကို တွေ့မြင်ရပါလိမ့်မယ်။

 

Fig(1)

 

Sound Recorder ကို အသုံးပြုရာမှာ သင့်ကွန်ပျူတာမှာ အသံသွင်းယူရန်အတွက် Line in အပေါက် တစ်နည်းအားဖြင့် Microphone အပေါက်ကို mic နှင့် ချိတ်ဆက်ထားရမှာ ဖြစ်ပါတယ်။

ပြန်နားထောင်ဖို့အတွက်လည်း  Earphone သို့မဟုတ် Speaker တစ်ခုခုနှင့် ဆက်သွယ် ချိတ်ဆက်ထားရန် လိုအပ်ပါတယ်။ အားလုံးပြီးသွားလို့ Ready ဖြစ်ပြီဆိုရင်တော့ စတင် အသံဖမ်းယူရန် Start Recording ကို နှိပ်လိုက်ပါ။

သင့်စိတ်ကြိုက်အသံသွင်းပြီးသွားပြီဆိုရင်တော့ Stop Button ကိုနှိပ်လိုက်ပါ။ ပြီးနောက် မည်သည့်နေရာတွင် သိမ်းဆည်းမလဲဆိုတဲ့ save As Dialog box ကျလာပါလိမ့်မယ်။ File နာမည်နှင့် သိမ်းဆည်းမည့် နေရာကို ရွေးချယ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ သင့်အနေဖြင့် Microsoft Windows မှာ အသင့်ပါဝင်လာတဲ့ sound Recorder ကို အသုံးပြုတတ်သွားပြီ ဖြစ်ပါတယ်။

 

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.