SRS Audio Player

Written by S.N.O Published in 24 Nov 2014

SRS Audio Player လေးကတော့ ကွန်ပျူတာအတွင်း သီချင်းနားထောင်ရန် နှင့် Movie များ ကြည့်ရှုရန်အတွက် အသုံးပြုနိုင်သော Player တစ်ခု ဖြစ်ပါတယ်။

သူ့မှာ ပုံမှန် Player များအပြင် Audio အတွက် Stereo System , 5.1 Surround System များ ပါဝင်ပါတယ်။ ဒါကြောင့် Movie များ ကြည့်ရှုရာမှာပဲဖြစ်ဖြစ် သီချင်းသီးသန့် နားထောင်ချင်လို့ပဲဖြစ်ဖြစ် ပုံမှန်ထက် အသံအရည်အသွေး ပိုမိုကောင်းမွန်စွာ ခံစားနိုင်ရန် SRS Audio Player ကို အသုံးပြုနိုင်ပါတယ်။ 

SRS Audio Player ကို ဖွင့်လိုက်လျှင် အသံစနစ်အတွက် Stereo စနစ်ကို အသုံးပြုမှာလား ဒါမှမဟုတ် 5.1 Surround System ကို အသုံးပြုမှာလားဆိုတာကို ရွေးချယ်ခိုင်းပါတယ်။ တကယ်လို့ ကွန်ပျူတာနှင့် ချိတ်ဆက်ထားသော Speaker ဟာ နှစ်လုံးပဲရှိမယ်ဆိုရင်တော့ Stereo System ကို အသုံးပြုနိုင်ပါတယ်။

တကယ်လို့ သင့်ကွန်တာကို Microlab ကဲ့သို့သော 5.1 Speaker ကို တပ်ဆင် အသုံးပြုထားမယ်ဆိုရင်တော့ 5.1 Surround System ကို အသုံးပြုနိုင်ပါတယ်။ 5.1 Surround ဟာ အသံများ ပတ်လည်ပြေးနေသော အသံစနစ်တစ်ရပ် ဖြစ်တာကြောင့် ကွန်ပျူတာနှင့် Speaker ကို မှန်ကန်စွာ ချိတ်ဆက်ထားရန် လိုကြောင်း သတိပေးချက် ထုတ်ပြန် ပြောကြားပေးပါလိမ့်မယ်။

SRS Audio Player မှာ နောက်ထပ် အသစ်ထပ်မံပါဝင်တဲ့ Feature တစ်ရပ်ကတော့ Equalizer စနစ်တစ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့် အသံစနစ်အတွက် Bass သံ , Mid , High သံများကို လိုအပ်သလို ချိန်ညှိပေးနိုင်ပါတယ်။

 

 

SRS Player ရဲ့ နောက်ထပ် အားသာချက်တစ်ရပ်ကတော့ သင်နားထောင်သော သီချင်းအလိုက် လိုအပ်သော ချိန်ညှိမှုများကို အလိုအလျှောက် ဆောင်ရွက်ပေးသည့် Feature တစ်ခု ဖြစ်ပါတယ်။ ဥပမာ Movie တစ်ခုကို ကြည့်ရှုမယ်ဆိုရင် ၎င်း Movie နှင့် လိုက်ဖက်ညီသော အသံစနစ်တစ်ရပ်ကို အလိုအလျှောက် ချိန်ညှိပေးပါလိမ့်မယ်။

ဒါကြောင့် ကွန်ပျူတာနှင့် သီချင်းနားထောင်ရတာ ကြိုက်နှစ်သက်သူတွေအတွက် ရွေးချယ် အသုံးပြုချင်စရာ ဆောဖ့်ဝဲ အသစ်တစ်ခုအနေဖြင့် မိတ်ဆက်ပေးလိုက်ခြင်း ဖြစ်ပါတယ်။

 

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.