Start Menu အတွင်း Administrative Tools ကို ထည့်သွင်းခြင်း
Administrative Tools ဆိုတာကတော့ handy Applications များကို တစ်စုတစ်စည်းထဲ ဖော်ပြပေးထားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
ပုံမှန်အားဖြင့်တော့ Windows ရဲ့ Start Menu မှာ Administrative Tools မပါဝင်ပါဘူး။ ဒါကြောင့် Administrative Tools ကို ထပ်မံထည့်သွင်းပေးလို့ရပါတယ်။ Administrative Tools ကို Start menu အတွင်းကို ထည့်သွင်းရန်အတွက် Start Menu ပေါ်တွင် Right Click နှိပ်လိုက်ပါ။ ပြီးနောက် Properties ကို ရွေးချယ်ပေးလိုက်ပါ။
ဒါဆိုရင်တော့ Taskbar and Start Menu Properties Box ကျလာတာကို တွေ့ရပါလိမ့်မယ်။ အဲဒီထဲကမှ တဆင့် Start Menu Tag ကို ရွေးချယ်ပေးလိုက်ပါ။ ထို့နောက် Customize ကို နှိပ်လိုက်ပါ။
ပြီးနောက် အောက်ဖော်ပြပါပုံအတိုင်း System Administrative Tools ကို မတွေ့မချင်း ရှာဖွေလိုက်ပါ။ တကယ်လို့တွေ့ပြီဆိုရင်တော့ Display on the All Programs menu ဆိုသည့်နေရာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။
အခုဆိုရင်တော့ ကွန်ပျူတာရဲ့ Start Menu အတွင်း System Administrative Tools ၀င်ရောက်လာတာကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။