Start Menu 8

Written by S.N.O Published in 01 Aug 2014

ဒီဆော့ဖ်ဝဲလေးကတော့ Microsoft Window 8 အသုံးပြုသူများအတွက် Start Menu ပုံစံကို ပြောင်းလဲပေးသည့် Application ဖြစ်ပါတယ်။

Microsoft Windows 7 , Windows Vista , Windows XP စတဲ့ OS Version များကို အချိန်ကာလ အတော်လေးကြာအောင် အသုံးပြုခဲ့ပါတယ်။ ဒီလို အသုံးပြုခြင်းအားဖြင့် ယခု အသစ်ထွက်လာတဲ့ Window 8 ရဲ့ Start Menu ပုံစံကို ပြောင်းလဲအသုံးပြုရာမှာ အခက်အခဲများ ၊ မနှစ်သက်မှုများ ရှိနေတတ်ပါတယ်။

ဒီတော့ သင့်အနေဖြင့် Window 8 ကိုလည်း အသုံးပြုမယ် Start Menu ပုံစံကိုလည်း စိတ်ကြိုက်ပြင်ဆင် အသုံးပြုမယ်ဆိုရင်တော့ ဒီ Application လေးကို အသုံးပြုနိုင်ပါတယ်။

 

 

Start Menu 8 Application ကို download.cnet.com/Start-Menu-8 မှတစ်ဆင့် အခမဲ့ Download ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။ ပြီးနောက် သင့်စက်ထဲသို့ Install ပြုလုပ်ကာ ထည့်သွင်းလိုက်ပါ။ ဒီလိုထည့်သွင်းပြီးနောက် ဒီ Application ကို Run ပြီး Metro Start Screen ကို ပြောင်းလဲနိုင်ပါတယ်။

Start Menu 8 ရဲ့ ယခု Version ကတော့ 1.5.0 ဖြစ်ပြီး File Size အရွယ်အစားကတော့ 6.98 MB ရှိတာကို တွေ့ရပါတယ်။ June လ 10 ရက်နေ့က ထုတ်လုပ်ခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် Update Version ဖြစ်ပါတယ်။

Operating System အနေနဲ့ကတော့ Windows 8 နဲ့ Window 8.1 တို့အတွင်း ထည့်သွင်းအသုံးပြုနိုင်ပြီး ယခု Download ပြုလုပ် အသုံးပြုသူဦးရေ လေးသန်းကျော် ရှိတာကို တွေ့ရပါတယ်။

ဒီ Application မှာ Start Button နှင့် Windows Start Menu နှစ်မျိုးကို ထည့်သွင်းပေးထားတာကြောင့် သင်နှစ်သက်ရာ ပုံစံဒီဇိုင်းကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ Metro Start Page ကိုတော့ မသုံးချင်ဘူးဆိုရင် Skip လုပ်ပေးနိုင်ပါတယ်။

ဒီလို အသုံးပြုခြင်းအားဖြင့် Windows 8 Metro ကို ပြောင်းလဲကာ ယခင် Windows 7 စတိုင် Start Menu ပုံစံကို ရရှိစေမှာ ဖြစ်ပါတယ်။

Start Menu 8 ရဲ့ အခြားပါဝင်လာတဲ့ Feature တွေကတော့ Shortcuts များကို လိုအပ်သလို ထည့်သွင်း အသုံးပြုနိုင်ခြင်း၊ Recent List အရေအတွက်ကိုလည်း သတ်မှတ်ထားနိုင်ခြင်း၊ Computer Performance ကို ပိုမိုကောင်းမွန်ခြင်း၊ Software အသုံးပြုရာမှာ ပေါ့ပါးခြင်း၊ Windows 8.1 ကိုလည်း Support လုပ်နိုင်ခြင်း၊ Start Menu နှင့် Background Color ကို လိုအပ်သလို ပြောင်းလဲအသုံးပြုနိုင်ခြင်း၊ Bugs လို့ခေါ်တဲ့ Windows ရဲ့ အားနည်းချက် အချို့ကိုလည်း ပြင်ဆင်ပေးသွားခြင်း စတာတွေ  ဖြစ်ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.