Start Screen တွင် နှစ်သက်ရာ Applictation များ ထည့်သွင်းထားခြင်း

Written by S.N.O Published in 04 Sep 2014

        Start Screen တွင် သင်အမြဲအသုံးအပြုနေကျ Application များကို ထည့်သွင်းပေးထားနိုင်ပါတယ်။ ပုံမှန်အားဖြင့်ဆိုလျှင် Windows OS မှ သင်အသုံးများသော Application များကို Start Screen မှာ ပေါ်အောင် ထည့်သွင်းပေးထားပါတယ်။ ဒါပေမယ့် သင်နှစ်သက်ရာ Application များကိုလည်း Start Screen တွင် ထည့်သွင်းထားလို့ရပါတယ်။

         ဒီလို Start Screen တွင် နှစ်သက်ရာ Application များ ထည့်သွင်းထားခြင်းအားဖြင့် ၎င်း Application များကို နောက်တစ်ကြိမ် ပြန်လည်ခေါ်ယူအသုံးပြုရာမှာ အလွယ်တကူ Start မှတဆင့် ခေါ်ယူ အသုံးပြုနိုင်ပါတယ်။

အခု Start Screen တွင် သင်နှစ်သက်ရာ Application များကိုထည့်သွင်းအသုံးပြုပုံကို ပြောပြပါမယ်။ အခု ကွန်ပျူတာရဲ့ Start Screen ကို ကြည့်လိုက်ပါ။

 

 

        အခု Start Screen တွင် Adobe InDesign ဆိုသည့် Program မရှိပါဘူး။ ဒါကြောင့် Start Screen တွင် Adobe InDesign Program ကို ထည့်သွင်းပါမယ်။ အောက်ဖက် Search မှ Adobe InDesign ဆိုပြီး ရိုက်ထည့်လိုက်ပါမယ်။

 

 

Adobe InDesign CS 5.5 ဆိုသည့် Icon လေး ပေါ်လာတာကို တွေ့ရပါလိမ့်မယ်။ ၎င်း Icon လေး ပေါ်မှာ Right Click နှိပ်လိုက်ပါ။

 

 

ပြီးနောက် Pin to Start Menu ကို နှိပ်လိုက်ပါ။ ဒါဆိုရင် ၎င်း Program ကို Start Screen မှာ ယခုလို တွေ့မြင်ရပြီဖြစ်ပါတယ်။

 

 

        တကယ်လို့ Start Screen မှာ ပေါ်နေတဲ့ Application တစ်ခုကို Start Screen မှ ပြန်လည်ဖြုတ်ချင်တယ် ဆိုရင်တော့ ၎င်း Application ပေါ်မှာ Right Click Remove to Start Menu ကို ရွေးပေးလိုက်ပါ။ ဒါဆိုရင် ၎င်း Application အား Start Menu မှာ တွေ့ရတော့မှာ မဟုတ်ပါဘူး။ ဒီနည်းလမ်းအတိုင်း သင့်ရဲ့ Start Menu မှာ သင်နှစ်သက်ရာ Application များကို ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.