Starting Excel
Excel ကို စတင်အသုံးပြုရန်အတွက် သင့်ကွန်ပျူတာရဲ့ Desktop ပေါ်ရှိ Excel Icon လေးကို ဖွင့်လိုက်ပါ။ တကယ်လို့ Desktop ပေါ်မှာ Excel Icon မရှိဘူးဆိုရင်တော့ Start > All Programs > Microsoft Office > Microsoft Excel ကို ရွေးချယ်ပြီး Open လုပ်ပေးရမှာ ဖြစ်ပါတယ်။
အခုဆိုရင် Excel Application ပွင့်လာပါပြီ။ New ထဲမှ Black Worksheet ကို ရွေးချယ်ပေးလိုက်ပါမယ်။
ဒါဆိုရင် ယခုလိုမျိုး New Excel Document တစ်ခု ရရှိလာမှာ ဖြစ်ပါတယ်။
ဘယ်ဖက်အခြမ်းရှိ 1 , 2 , 3 , 4 အစရှိသဖြင့် ကိန်းဂဏန်းနှင့်ဖော်ပြထားတာတွေကို Rows လို့ခေါ်ဆိုပါတယ်။ သင်ပြုလုပ်မည့် Documents တစ်ခုအတွင်း လိုအပ်သလောက် Rows အရေအတွက်ကို အသုံးပြုနိုင်ပါတယ်။
အပေါ်ဖက်အခြမ်းရှိ A, B, C, D နဲ့ ဖော်ပြထားတာတွေကိုတော့ Columns လို့ခေါ်ဆိုပါတယ်။ ဒီတော့ Excel မှာ စာရင်းဇယားများကို ပြုလုပ်ဆောင်ရွက်ရာမှာ Row , Columns များနှင့် ပြုလုပ်ရမှာ ဖြစ်ပါတယ်။
နောက်ထပ် ဥပမာ တစ်ခုအနေဖြင့် ထပ်ရှင်းပြပါမယ်။ ဥပမာ ကျွန်တော်တို့ဟာ Row 1 ရဲ့ Columns A ကို Mouse နဲ့ Click တစ်ချက်နှိပ်လိုက်ပါ။ ဒါဆိုရင် လေးထောင့်ပုံစံ အကွက်ကလေး တစ်ကွက်ပေါ်လာပါလိမ့်မယ်။
အဲဒီ အကွက်ကလေးကို Cell လို့ ခေါ်ဆိုပါတယ်။ Excel ကို စတင်လေ့လာရာမှာ သူ့နဲ့ သက်ဆိုင်တဲ့ အခေါ်အဝေါ်များကို လေ့လာမှတ်သားထားရပါမယ်။
အခု ဒီ Work Sheet ကိုသိမ်းဆည်းပါမယ်။ ဒါကြောင့် File ထဲမှ Save ကို နှိပ်လိုက်ပါမယ်။
ပြီးနောက် Browse ကို ရွေးချယ်ပေးလိုက်ပါမယ်။
ကွန်ပျူတာအတွင်း နှစ်သက်ရာ နေရာတစ်နေရာမှာ အမည်တစ်ခုပေးပြီး သိမ်းဆည်းနိုင်ပါတယ်။ သိမ်းဆည်းရန်အတွက် Save ကို နှိပ်လိုက်ပါမယ်။ ဒါဆိုရင်နောက်တစ်ကြိမ်ပြန်ဖွင့်ရန် ဒီ Document လေးကို Open လုပ်ပြီး ပြန်လည် Run လို့ရပါတယ်။