Step (1) Fibers Effect ကို အသုံးပြုခြင်း
အခု ပထမဆုံး အဆင့်အနေဖြင့် အသစ်ပြုလုပ်ဖန်တီးလိုက်တဲ့ Document တစ်ခုအတွင်း Filter တစ်ခုကို ထပ်မံထည့်သွင်းပါမယ်။ လက်ရှိ ပြုလုပ်ဖန်တီးလိုက်တဲ့ Document ရဲ့ နောက်ခံအရောင်ဟာ အဖြူရောင် ဖြစ်ပါတယ်။
ဒီ အဖြူရောင် နောက်ခံ Background တစ်ခုအတွင်း Filter Effect တစ်ခုကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Filter Menu ထဲသို့ သွားပါ။ ပြီးနောက် Render > Fibers ကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။
ဒါဆိုရင် Fibers Filter ကို ယခုလို တွေ့မြင်နိုင်ပါတယ်။ အဲဒီမှာ Fibers ပုံအောက်မှာရှိတဲ့ + ပုံစံလေးကို နှိပ်ခြင်းအားဖြင့် Fibers ကို Zoom အနေဖြင့် ကြည့်ရှုနိုင်ပါတယ်။
Variance ကတော့ အနက်ရောင်ရဲ့ ထင်ရှားမှုပမာဏကို ဆိုလိုတာ ဖြစ်ပါတယ်။ Strength ကတော့ အပေါ်အောက် အနက်လိုင်းများ ပိုမိုထင်ရှားလိုတဲ့အခါမှာ အသုံးပြုပါတယ်။ ယခု နှစ်သက်ရာ Fibers ပုံစံတစ်ခုကို ရွေးချယ်လိုက်ပါ။
Variance ကတော့ 13 လောက်မှာပဲ ထားပါမယ်။ Strength ကတော့ Soft ပုံစံရရှိစေရန်အတွက် အနည်းဆုံးပမာဏဖြစ်တဲ့ 1.0 မှာသာ ထားရှိလိုက်ပါမယ်။ ပြီးနောက် OK ကို နှိပ်လိုက်ပါမယ်။
ဒါဆိုရင် အဖြူရောင် Document တစ်ခုအပေါ်မှာ Fiber Effect တစ်ခု ၀င်သွားတာကို တွေ့မြင်နိုင်ပါပြီ။