Step (2) Motion Blur ကို အသုံးပြုခြင်း
အထက်ကဖော်ပြခဲ့တဲ့ Fiber ဟာ Curtain တစ်ခုပြုလုပ်ဖန်တီးရန်အတွက် အနည်းငယ် ကြမ်းတမ်းပါတယ်။ ဒီတော့ သူ့ကို Smooth ဖြစ်သွားအောင် ပြုလုပ်ဖန်တီးရပါမယ်။
တနည်းအားဖြင့် တကယ့်လိုက်ကာပုံစံမျိုး ညီညာချောမွေ့နေစေရန် ဆောင်ရွက် ရပါမယ်။ ဒါကြောင့် Filter Menu ထဲသို့ သွားပါ။ ပြီးနောက် Blur > Motion Blur ကို ရွေးချယ်ပေးလိုက်ပါ။
ပြီးနောက် Blur Angle နေရာမှာ -90 ကို ရွေးချယ်ပေးလိုက်ပါမယ်။ ဘာကြောင့်ပြောင်းလိုက်သလဲဆိုတော့ Curtain များဟာ အပေါ်မှ အောက်သို့ ကျနေတဲ့ပုံစံ ဖြစ်ပါတယ်။
ဒါကြောင့်သူ့ကို အပေါ်မှ အောက်သို့ကျအောင် Angle ကို လိုက်ပြောင်းပေးရတာ ဖြစ်ပါတယ်။ -90 ကို ဘယ်လိုပြောင်းရသလဲဆိုတော့ သူ့ဘေးနားမှာရှိတဲ့ Wheel လေးကို လှည့်ပြီး -90 အနေဖြင့် ပြောင်းလဲရမှာ ဖြစ်ပါတယ်။
Distance ကိုတော့ 124 လောက် ထားလိုက်ပါမယ်။ သင်ပြုလုပ်သော Fiber အလိုက် Distance ကို အတိုးအလျှော့ပြုလုပ်နိုင်ပါတယ်။