Step (3) အရောင်ထည့်သွင်းခြင်း

Written by S.N.O Published in 29 Dec 2014

အခု လက်ရှိ ပြုလုပ်ဖန်တီးလိုက်တဲ့ Curtain ဟာ အဖြူအမဲ ပုံစံ ဖြစ်နေပါတယ်။ ဒါကို အရောင်ပြန်လည် ထည့်သွင်းပေးရပါမယ်။ ဘာကြောင့် အဖြူအမဲနဲ့ အရင်လုပ်သလဲဆိုတော့ စောစီးစွာ အရောင်များကို ထည့်သွင်းပြီး ပြုလုပ်ဖန်တီးမယ်ဆိုရင် Fiber Effect ပြုလုပ်ရာမှာ သိပ်အဆင်မပြေလို့ ဖြစ်ပါတယ်။

ဖြူအမဲနဲ့ ပြုလုပ်ဖန်တီးထားခြင်းအားဖြင့် အနက်ရောင်လိုင်းများကို ပိုမိုပြတ်သား ထင်ရှားစွာ မြင်တွေ့နိုင်ပါတယ်။ အခု စောစောက ပြုလုပ်ဖန်တီး ထားတဲ့ Curtain ထဲကို အရောင်တစ်မျိုးမျိုး ထည့်သွင်းပေးပါတယ်။ ဒီနေရာမှာတော့ သင်နှစ်သက်ရာ အရောင်တစ်မျိုးမျိုးကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။

အရောင်ထည့်သွင်းရန်အတွက် Layers အောက်ခြေမှာရှိတဲ့ အဖြူတစ်ခြမ်း အမဲတစ်ခြမ်းပုံစံ Icon လေးကို နှိပ်လိုက်ပါ။

 

 

ပြီးနောက် Hue / Saturation ကို ရွေးချယ်ပေးလိုက်ပါ။

 

 

ထို့နောက် အရောင်ထည့်သွင်းမှာ ဖြစ်တဲ့အတွက်ကြောင် အောက်ဘက်မှာရှိတဲ့ Colorize ဘေးမှာ အမှန်ခြစ်လေး ထည့်သွင်းပေးလိုက်ပါမယ်။

 

 

Hue ကတော့ အရောင်ရွေးချယ်ရန် ဖြစ်ပါတယ်။ ဒီနေရာမှာ သင်နှစ်သက်ရာ အနီ၊ အ၀ါ ၊ အစိမ်း ၊ အပြာ စတဲ့အခြားအရောင်များကို ရွေးချယ်ပေးနိုင်ပါတယ်။ Saturation ကတော့ အရောင်ထည့်သွင်းမှု ပမာဏလို့ ဆိုနိုင်ပါတယ်။

ဥပမာ Saturation ကို အောက်ဆုံးသို့ ချလိုက်မယ်ဆိုရင် အဖြူအမဲပုံစံကို ပြန်လည်ရရှိလာမှာ ဖြစ်ပါတယ်။ သူ့ကို အများဆုံးပမာဏမှာ ထားရှိမယ်ဆိုရင်တော့ အရောင် အလွန်တောက်ပနေပါလိမ့်မယ်။ Lightness ကတော့ အလင်းအမှောင်ကို ချိန်ညှိပေးရန် ဖြစ်ပါတယ်။ Hue နေရာမှာ 0 ကို ရွေးချယ်ပေးလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အနီရောင်ကို လိုချင်လို့ ဖြစ်ပါတယ်။

Saturation ကတော့ 40 ၀န်းကျင်လောက် ထားလိုက်ပါတယ်။ အနက်နဲ့ အနီပေါင်းစပ်ထားတဲ့ အရောင်ရင့်ရင့်မျိုးကို လိုချင်လို့ ဖြစ်ပါတယ်။ Lightness ကတော့ -35 ကို ရွေးချယ်ပေးလိုက်ပါတယ်။ ဒီနေရာမှာ အရောင် ပိုမိုတောက်ပလိုပါက Saturation ကို တင်ပေးနိုင်ပါတယ်။

 

 

ဒါဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ ပုံအတိုင်း Curtain တစ်ခုကို ရရှိသွားပြီ ဖြစ်ပါတယ်။

 

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.