Surface Pro 3 Laptop Review

Written by S.N.O Published in 26 Jun 2014

     Microsoft မှ ထုတ်လုပ်လိုက်တဲ့ Surface Pro 3 ဟာ Laptop မကျ Tablet မကျ ကွန်ပျူတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ မျက်နှာပြင် Screen အရွယ်အစားဟာ သာမန်အသုံးပြုနေကျ Laptop တွေထက်လည်း သေးငယ်ပြီး Tablet တွေထက်ထည်း အနည်းငယ် ကြီးမားပါတယ်။

ယခင် Version တွေထက် ပိုမိုပါးလွှာပြီး အလေးချိန်လည်း ပိုမိုပေါ့ပါးတာကို တွေ့ရပါတယ်။ သူနဲ့တွဲဖက်အသုံးပြုရန်အတွက် Digital Pen တစ်ခုပါဝင်ပြီး ဒီ Surface Pro ဟာ Touch Base Laptop တစ်မျိုး ဖြစ်ပါတယ်။

Microsoft ရဲ့ ပြောကြားချက်အရတော့ ဒီ Surface Pro ဟာ Laptop တွေနေရာမှာ အစားထိုးအသုံးပြုရန်အတွက်ဖြစ်ပြီး Tablet အသုံးပြုသူများအနေဖြင့် ဒီ Surface Pro ကို ပြောင်းလဲအသုံးပြုနိုင်ကြောင်း ဈေးကွက်အနေဖြင့် Laptop နှင့် Tablet နှစ်မျိုးစလုံးရဲ့ ဈေးကွက်အတွင်း ထိုးဖောက်ရန်ဖြစ်ကြောင်း သိရပါတယ်။

 

 

        Tablet တွေဟာ လက်ရှိဈေးကွက်အတွင်း လူကြိုက်များပြီး အသုံးပြုမှုများသော Personal Device များ ဖြစ်လာတာကြောင့် Microsoft အနေဖြင့် ယခုကဲ့သို့ အရွယ်အစားသေးငယ်သော Surface Pro ကို ထုတ်လုပ်လိုက်ခြင်း ဖြစ်ပါတယ်။ Surface pro ဟာ Tablet များကဲ့သို့ ဖျော်ဖြေရေးပစ္စည်းအနေဖြင့် အသုံးပြုနိုင်သလို PC ကြီးများကဲ့သို့လည်း စွမ်းဆောင်ရည်မြင့်မားပါတယ်။

ထို့အပြင် ၎င်း ဟာ Touch အခြေပြု စနစ်ဖြစ်ပြီး Windows 8 OS ကို ထည့်သွင်းအသုံးပြုထားပါတယ်။ Apple ရဲ့ MacBook Air နှင့် iPad တို့ကို ယှဉ်ပြိုင်ရန်အတွက် အဓိကထားထုတ်လုပ်ထားတာဖြစ်ပြီး ၎င်းကို Keyboard နှင့် Screen ခွဲထုတ်ပြီး Tablet များကဲ့သို့ အလွယ်တကူ သယ်ဆောင်သွားနိုင်ကြောင်း သိရှိရပါတယ်။

Surface Pro 3 အတွင်း Intel ရဲ့ Core i3 CPU ကိုအသုံးပြုထားပြီး သိုလှောင်သိမ်းဆည်းရန်အတွက်ကတော့ 64GB ပမာဏရှိတဲ့ SSD ကို အသုံးပြုထားပါတယ်။ ဈေးနှုန်းအနေဖြင့် 799 ဒေါ်လာ ၀န်းကျင်ဖြစ်ပြီး မကြာမီဈေးကွက်အတွင်း အမြောက်အများ တင်သွင်းရောင်းချသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.