SyncToy

Written by S.N.O Published in 16 Aug 2014

      SyncToy ကတော့ Microsoft မှ ထုတ်လုပ်ထားသော Utility တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Microsoft Windows မှာတော့ ဒီ SyncToy Utility မပါဝင်ပါဘူး။ သူ့ကို အသုံးပြုချင်တယ်ဆိုရင် သီးသန့်ထပ်ပြီး Download ဆွဲကာ အသုံးပြုနိုင်ပါတယ်။

SyncToy ဟာ တကယ်တော့ Folder များကို Synchronized ပြုလုပ်တဲ့ ဆောဖ့်ဝဲဖြစ်ပါတယ်။ သဘောကတော့ Folder တစ်ခုအတွင်း နောက်ထပ် Folder တစ်ခုကို ထည့်တဲ့အခါမှာ အခြား Folder များကို Sync ချိတ်ဆက်ပြီး ထည့်သွင်းပေးတာ ဖြစ်ပါတယ်။ ဒီတော့ SyncToy ကို ဘယ်လိုနေရာမျိုးတွေမှာ အသုံးပြုသလဲဆိုရင် အဓိကအားဖြင့် Files , Folder များကို Backup ပြုလုပ်တဲ့အခါမျိုးမှာ အသုံးပြုပါတယ်။

Folder တစ်ခုအား Drive အများအပြားဆီသို့ တစ်ကြိမ်တည်း Copy ကူးယူပြီး ထည့်သွင်းကာ Backup ပြုလုပ်ထားနိုင်လို့ ဖြစ်ပါတယ်။ အောက်ကပုံကတော့ SyncToy ကို ဖွင့်လိုက်လျှင် မြင်တွေ့ရမည့်ပုံဖြစ်ပါတယ်။ ဒီနေရာမှာ All Folder Pairs ကိုရွေးချယ်ထားတာကိုတွေ့ရပါလိမ့်မယ်။ သဘောကတော့ အဲဒီလို Folder တွေအားလုံးကို တစ်စုတစ်စည်းထဲ Sync ချိတ်ဆက်အသုံးပြုမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

 

 

SyncToy ကို အသုံးပြုချင်တယ်ဆိုရင်တော့ Microsoft.com/en-us/download မှတဆင့် အခမဲ့ Download ပြုလုပ်ကာ အသုံးပြုနိုင်ပါတယ်။ SyncToy အတွင်း Folder တစ်ခုကို တည်ဆောက်လိုက်တာနှင့်တစ်ပြိုင်နက်တည်း ဒီ Folder နဲ့ပတ်သက်တဲ့ Wizard ပေါ်လာမှာ ဖြစ်ပြီး ၎င်း Folder ရဲ့ လုပ်ဆောင်နိုင်ချက် Process များကိုပါ ပြသပေးမှာ ဖြစ်ပါတယ်။

ပြီးနောက် ၎င်း Folder နဲ့ပတ်သက်ပြီး Synchronize ပြုလုပ်ခြင်း၊ Echo , Contribute ပြုလုပ်ခြင်းများကိုပါ တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်ပါတယ်။ သင့်ရဲ့ အလုပ်ဖိုင်များကို တစ်ကြိမ်တစ်ခါ ပြုလုပ်ထားပြီး Syn ချိတ်ဆက်ကာ Process အများအပြား Run နိုင်ရန်အတွက် ဒီ SyncToy ဆော့ဖ်ဝဲလေးကို ဆောင်ထားသင့်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.