System Image File တစ်ခုကို ဖန်တီးခြင်း

Written by S.N.O Published in 18 Oct 2014

System Image File ဆိုတာကတော့ လက်ရှိကွန်ပျူ တာရဲ့ Local Drive C ကို Image ရိုက်ထားတဲ့ File တစ်မျိုး ဖြစ်ပါတယ်။ ဒီလိုမျိုး System Image ပြုလုပ်ထားခြင်းအားဖြင့် Windows Error များ၊ Windows ကျခြင်းများကို အလွယ်တကူ ဖြေရှင်းပေးနိုင်ပါတယ်။

 

အကြောင်းအမျူိုးမျိုးကြာင့် ကွန်ပျူ တာအတွင်း Virus များဝင်ခြင်း၊ Windows Unstable ဖြစ်ခြင်းများကို ဒီ Backup File ကို အသုံးပြုပြီး ပြန်လည် Restore ပြုလုပ်ကာ ဖြေရှင်းပေးနိုင်ပါတယ်။

ဒါမှသာ နောက်တစ်ကြိမ် Windows ပြန်တင်ရခြင်း၊ Application များ ပြန်တင်ရခြင်းစတဲ့ ဒုက္ခများမှ ကင်းဝေးစေမှာ ဖြစ်ပါတယ်။ ကွန်ပျူ တာရဲ့ Local Drive တစ်ခုလုံးအား Back up ပြုလုပ် သိမ်းဆည်းမှာ ဖြစ်တဲ့အတွက်ကြောင့် အချိန်တော့ အနည်းငယ်ပေးရပါလိမ့်မယ်။

အခုစတင်ပြီး Backup ပြုလုပ်ပါတော့မယ်။ ပထမဦးဆုံး Run > control ဆိုပြီး ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် Control Panel ထဲကို ရောက်သွားပါလိမ့်မယ်။ အဲဒီမှာ Backup your Computer ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။

 

 

ပြီးနောက် ဘယ်ဖက်အခြမ်းရှိ Create a system image ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။

 

 

ဒါဆိုရင် Backup ပြုလုပ်မည့် File ကို ဘယ်နေရာမှာ သိမ်းမှာလဲဆိုတာကို မေးပါလိမ့်မယ်။ ကွန်ပျူတာအတွင်း နှစ်သက်ရာ နေရာတစ်ခုခုကို ရွေးချယ်ပေးလိုက်ပါ။

ဒါပေမယ့် သင်ရွေးချယ်ပေးလိုက်သည့်နေရာဟာ Free Space လုံလုံလောက်လောက် ရှိနေရန် လိုအပ်ပါတယ်။

 

 

ပြီးနောက် Next ကို နှိပ်လိုက်ပါ။ System Image File အနေဖြင့် စတင်သိမ်းဆည်းပေးသွားမှာ ဖြစ်ပါတယ်။ နောက်တစ်ကြိမ် Window Unstable ဖြစ်ပါက ၎င်း File ကို အသုံးပြုကာ ပြန်လည် Restore ပြုလုပ်ကာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.