System Repair Disc တစ်ခု ဖန်တီးခြင်း
System Repair Disc ဆိုတာဟာ ကွန်ပျူတာ Operating System မငြိမ်မသက်ဖြစ်ခြင်း၊ Regedit မှာ Error များဖြစ်ပွားခြင်း၊ Windows မတက်တော့ခြင်းစတဲ့ ပြဿနာများကို ဖြေရှင်းပေးနိုင်အောင် ပြုလုပ်ဆောင်ရွက်ထားတဲ့ Disc တစ်မျိုး ဖြစ်ပါတယ်။
ဒီလို System Repair Disc ကို အသုံးပြုခြင်းအားဖြင့် Windows ပြန်တင်ရခြင်း၊ Software ပြန်တင်ရခြင်းစတဲ့ ပြဿနာများကို အလွယ်တကူ ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။
System Repair Disc ကို DVD အနေဖြင့်သာ ကူးယူသိမ်းဆည်းထားလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ DVD ဟာ သိမ်းဆည်းနိုင်သည့် ပမာဏများပြားလို့ ဖြစ်ပါတယ်။
ဒါကြောင့် System Repair Disc ပြုလုပ်ဖန်တီးရာမှာ CD နဲ့ မပြုလုပ်သင့်ပါဘူး။ DVD အခွေအနေဖြင့်သာ ကူးယူသိမ်းဆည်းထားသင့်ပါတယ်။
System Repair Dics ကို ပြုလုပ်ဖန်တီးရန်အတွက် အရင်ဦးဆုံး Control Panel သို့ ဝင်ရောက်ပါ။ ပြီးနောက် Backup and Restore ကို ရွေးချယ်ပေးလိုက်ပါ။ ထိုမှတဆင့် Create a System Repair Disc ကို ဆက်လက်ရွေးချယ်ပေးလိုက်ရမှာ
ဖြစ်ပါတယ်။
System Repair Disc ပြုလုပ်ဖန်တီးရန်အတွက် ကွန်ပျူတာမှာ DVD RW Drive တပ်ဆင်ထားရန် လိုအပ်ပါတယ်။ ဒါမှသာ DVD အခွေအနေဖြင့် ကူးယူနိုင်မှာဖြစ်ပါတယ်။ အခု Create a System Repair Disc ဖန်တီးရန်အတွက် DVD RW Drive မှ ကူးယူဖန်တီးမှာလားဆိုတာကို မေးပါလိမ့်မယ်။
DVD အခွေအလွတ် တစ်ခွေကို ထည့်လိုက်ပါ။ ပြီးနောက် Create Disc ကို နှိပ်လိုက်ပါ။
Prepairing ပြုလုပ်နေပါပြီ။ ပြီးရင်တော့ DVD အခွေအနေဖြင့် ကူးယူသိမ်းဆည်းပေးသွားပါလိမ့်မယ်။ နောက်တစ်ကြိမ် Windows Unstable ဖြစ်ခြင်း၊ Windows မတက်ခြင်းတို့အတွက် ၎င်းအခွေကို အသုံးပြုကာ ပြန်လည် Restore ပြုလုပ်ကာ အသုံးပြုနိုင်ပါတယ်။