System Resotre Point တစ်ခုကို ဖန်တီးခြင်း
System Restore Point ဆိုတာကတော့ ကွန်ပျူတာအတွင်း Error များဖြစ်ပွားခြင်း၊ ကွန်ပျူတာအတွင်း Virus များဝင်ရောက်ခြင်း၊ Regedit အတွင်း Error များ ဖြစ်ပွားခြင်းတို့အတွက် ဖြေရှင်းပေးနိုင်တဲ့ အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
ဒီလိုမျိုး Error များကို ဖြေရှင်းပေးရန်အတွက် အရင်ဦးဆုံး System Resotre Point တစ်ခုကို ဖန်တီးထားရမှာ ဖြစ်ပါတယ်။ ဒီလို System Restore Point တစ်ခုကို ဖန်တီးထားမှသာ သင်ပြန်လည် Restore ပြုလုပ်လိုတဲ့အခါမှာ ၎င်း Restore Point ကို ရွေးချယ်ကာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဒီတော့ အရင်ဦးဆုံး System Restore Point တစ်ခုကို ဖန်တီးရအောင်။ System Restore Point တစ်ခုကို မဖန်တီးမီ ကွန်ပျူတာအတွင်း လိုအပ်သည့် ဆော့ဖ်ဝဲများ ထည့်သွင်းထားပါ။
လိုအပ်သည့် File များ ဖျက်ထားပါ။ Temp , prefetch , recent များအားလုံးကို ရှင်းလင်းထားရမှာ ဖြစ်ပါတယ်။
ဆိုလိုတာကတော့ ကွန်ပျူတာ OS ကို အကောင်းဆုံး အခြေအနေတစ်ခုရောက်အောင် ဖန်တီးထားခြင်း ဖြစ်ပါတယ်။ Restore Point တစ်ခုကို ပြုလုပ်ဖန်တီးရန်အတွက် Start > Control Panel > System ကို ရွေးချယ်ပေးလိုက်ပါ။
ပြီးနောက် ဘယ်ဖက်အခြမ်းရှိ System Protection ကို ရွေးချယ်ပေးလိုက်ပါ။
အခု System Protection ထဲကို ရောက်သွားပါပြီ။ အခု Local Disk C: ကို Restore Point တစ်ခု ဖန်တီးမှာ ဖြစ်ပါတယ်။ ဒါကြောင့် Local Disk C: ကို ရွေးချယ်ပြီး အောက်ဖက်ရှိ Create ကို နှိပ်လိုက်ပါမယ်။ ဒါဆိုရင် Restore Point ရဲ့ အမည်ကို သတ်မှတ်ခိုင်းပါလိမ့်မယ်။
နှစ်သက်ရာ အမည်တစ်ခုခုပေးပြီး Create ကို နှိပ်လိုက်ပါမယ်။ အခုဆိုရင်တော့ System Restore Point တစ်ခုကို စတင်ဖန်တီးနေပြီ ဖြစ်ပါတယ်။
System Restore Point ကို ဖန်တီးလို့ ပြီးသွားပြီဖြစ်ကြောင်း ပြောတာဖြစ်ပါတယ်။ Close ကို နှိပ်လိုက်ပါ။