Tablet , Laptop နှစ်မျိုး အသုံးပြုနိုင်သော Acer Aspire Switch

Written by S.N.O Published in 18 Jul 2014

    Acer ကုမ္ပဏီမှ အသစ်ထုတ်လုပ်လိုက်တဲ့ Acer Aspire Switch ဟာ Tablet လိုမျိုးရော၊ Laptop လိုမျိုးရော နှစ်မျိုးစလုံးအသုံးပြုနိုင်တဲ့ Device အသစ်ဖြစ်ကြောင်း သိရပါတယ်။

Acer Aspire Switch ရဲ့အားသာချက်ဟာ Screen ကိုလှည့်ပြောင်းကာ အသုံးပြုနိုင်သော Laptop တစ်မျိုးဖြစ်ပါတယ်။

Acer ကုမ္ပဏီမှ ၎င်းရဲ့ Aspire Switch အတွင်း Microsoft Windows 8 Operating System ကို ထည့်သွင်းအသုံးပြုထားပြီး ၎င်း မှာအသုံးပြုထားတဲ့ Display အရွယ်အစားကတော့ 10 လက်မ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

 

    ယခုကဲ့သို့ Tablet နှင့် Laptop နှစ်မျိုး အသုံးပြုနိုင်လာခြင်းကြောင့် Tablet အသုံးပြုသူများရဲ့ ဈေးကွက်ကိုရော၊ Laptop ဈေးကွက် အတွင်းမှာရော ယခု Aspire Switch ဟာ နေရာရယူနိုင်ရန် ဖြစ်ကြောင်း၊ ယခု ဒီဇီုင်းဟာ Latch - Free ဒီဇီုင်းကို အသုံးပြုထားတာကြောင့် Keyboard နှင့် ချိတ်ဆက်၍သော်လည်းကောင်း Keyboard body မပါပဲနှင့်သော်လည်းကောင်း အသုံးပြုနိုင်ကြောင်း Acer မှ ရှင်းလင်းပြောကြားခဲ့ပါတယ်။

 

Tablet အနေဖြင့် အသုံးပြုလိုသူတွေ အနေနဲ့ကတော့ Screen ကိုသာ သီးသန့်ဖြုတ်ယူ၍ Tablet အနေဖြင့် အသုံးပြုနိုင်မှာဖြစ်ပြီး Keyboard နှင့် ချိတ်ဆက်အသုံးပြုပါက Laptop ကဲ့သို့ စာရိုက်ခြင်း၊ Mouse အသုံးပြုနိုင်ခြင်း စတဲ့ အားသာချက်များစွာကို အဆင်ပြေပြေ သုံးနိုင်ပါတယ်။ Display ဟာလည်း 180 ဒီဂရီ လှည့်လည်အသုံးပြုနိုင်ပြီး လှပတဲ့ အသွင်အပြင်နှင့် တည်ဆောက်ထားပါတယ်။

Acer မှ ၎င်းရဲ့ Aspire Switch အား Desktop Mode , Canvas Mode , Stand Mode ဆိုပြီး သုံးမျိုးစလုံး အသုံးပြုနိုင်ရန်အတွက် တီထွင်ထားကြောင်း ပြောကြားခဲ့ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.