Task Manager ကို အသုံးပြုပြီး ကွန်ပျူတာကို Restart ချခြင်း
ကွန်ပျူတာကို Restart ချရာမှာ Task Manager မှလည်း အသုံးပြုနိုင်ပါတယ်။ ဆိုလိုတာကတော့ သူက Restart ပြုလုပ်သကဲ့သို့ အကျိုးသက်ရောက်မှုရှိစေပါတယ်။
တကယ်တော့ Restart အစစ်ကြီး မဟုတ်ပါဘူး။ အချို့သော Program များကို Instarll ပြုလုပ်ရာမှာပဲဖြစ်ဖြစ် Regedit ကို ဝင်ပြီးတစ်ခုခု ပြင်ဆင်ရာမှာပဲဖြစ်ဖြစ် ကွန်ပျူတာက Restart ချခိုင်းပါတယ်။
အဲဒီလို Restart ချပေးမှသာလျှင် လုပ်ဆောင်ထားတဲ့ Process ဟာ Effective ဖြစ်ပါတယ်။ ဒါဆိုရင် ကွန်တော်တို့ဟာ Process တစ်ခုကို ပြုလုပ်စမ်းသပ်တိုင်း Restart ချချပေးနေရတာ စိတ်ညစ်ဖို့ကောင်းပါတယ်။
နောက်တစ်ချက်ကတော့ အချိန်ပိုကုန်ပါတယ်။ ဒါဆိုရင် Task Manager ကို အသုံးပြုပြီး Restart ချပေးသကဲ့သို့ သက်ရောက်မှုမျိုး ဖြစ်ပေါ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။
အရင်ဦးဆုံး Ctrl+ Shift + Esc ကို ခေါ်ပြီး Task Manager ကို ခေါ်ယူလိုက်ပါ။ ပြီးနောက် Processes Tag ကို ခေါ်ယူလိုက်ပါ။
Processes Tag မှာ explorer.exe ဆိုတာကို တွေ့ရပါလိမ့်မယ်။ ၎င်း Process ကို End Process လုပ်ပေးလိုက်ပါ။
အမှန်တကယ် End လုပ်မှာလားဆိုတာကို မေးပါလိမ့်မယ်။ End Process ကိုသာ နှိပ်လိုက်ပါ။
ဒါဆိုရင် ကွန်ပျူတာရှိ Taskbar ရော Start Menu ပါ ပျောက်သွားတာကို တွေ့ရပါလိမ့်မယ်။ ပြီးနောက် Task Manager ရဲ့ File Manu ထဲမှ New Task ကို ရွေးချယ်ပေးလိုက်ပါ။
Run Box မှာ explorer လို့ ရိုက်ထည့်လိုက်ပါ။ ပြီးနောက် OK ကို နှိပ်လိုက်ပါ။
ဒါဆိုရင် Start Menu ပြန်ပေါ်လာပါလိမ့်မယ်။ သူ့ရဲ့သဘောကတော့ လက်ရှိ Run ထားတဲ့ Explorer ကို Kill လုပ်ပြီး New Explorer ကို ပြန်လည်ခေါ်ယူတာ ဖြစ်ပါတယ်။ Effective အနေနဲ့ကတော့ ကွန်ပျူတာကို Restart ချသကဲ့သို့ သက်ရောက်မှုရှိစေပါတယ်။