Task Manager ကို လေ့လာခြင်း

Written by S.N.O Published in 21 Oct 2014

Task Manager ဆိုတာဟာ Windows Operating System မှာ Built in ပါဝင်တဲ့ Tool တစ်ခု ဖြစ်ပါတယ်။

        ဒီ Task Manager ကိုကြည့်ခြင်းအားဖြင့် ကွန်ပျူတာတစ်လုံးရဲ့ အလုပ်လုပ်ဆောင်ပုံ ၊ တစ်နည်းအားဖြင့် CPU အသုံးပြုနှုန်း ၊ RAM အသုံးပြုနှုန်း များအပြင် Running ဖြစ်နေတဲ့ EXE များကိုပါ အလွယ်တကူ သိရှိနိုင်ပါတယ်။ Virus များ ၀င်ရောက်လာပါကလည်း ဒီ Task Manager မှာကြည့်ရှုရင် အလွယ်တကူ မြင်နိုင်ပါတယ်။

        ဒါကြောင့် များသောအားဖြင့် Virus များ ၀င်ရောက်လာပြီဆိုရင် ၎င်း Virus များဟာ Task Manager ကို အရင်ဦးဆုံးပိတ်ပစ်လိုက်ပါတယ်။ ပြီးနောက် Registry ကိုပါ တစ်ခါတည်း ပိတ်လိုက်ပါတယ်။ ဒါဆိုရင် ၎င်း Virus ကို သတ်ဖို့မလွယ်ကူတော့ပါဘူး။

ဒီနေရာမှာ အဓိကပြောချင်တာကတော့ Task Manager ဟာ Windows Operating System အတွက် အလွန်အရေးကြီးတဲ့ အဓိက Tools တစ်ခု ဖြစ်တယ်ဆိုတာ ပါပဲ။

        Task Manager ကို ၀င်ရောက်ရန်အတွက် ကွန်ပျူတာ Taskbar ပေါ်မှာ Right Click နှိပ်လိုက်ပါ။ ပြီးနောက် Start Task Manager ကို ရွေးချယ်ပေးလိုက်ပါ။

 

 

        နောက်ထပ်နည်းလမ်းတစ်ခုကတော့ Control + Shift + Esc သုံးမျိုးကို ပူးတွဲနှိပ်ခြင်း ဖြစ်ပါတယ်။ ယခင် Microsoft Windows XP မှာဆိုရင်တော့ Control + Alt + Delete ကို ပူးတွဲနှိပ်ကာ အသုံးပြုနိုင်ပါတယ်။ Windows 7 မှာတော့ Ctrl+Alt+Delete ဟာ Log Off ဖြစ်သွားပါတယ်။ ဒါကြောင့် Ctrl+Shift+Esc ကိုသာ အသုံးပြုနိုင်ပါတယ်။ ဒါဆိုရင်တော့ အောက်ပါပုံအတိုင်း Task Manager ကို မြင်တွေ့ရပြီ ဖြစ်ပါတယ်။

 

 

        Task Manager ရဲ့ အပေါ်ဆုံးဟာ CPU Usage ကို ပြသပေးတာ ဖြစ်ပါတယ်။ ကွန်ပျူတာအတွင်းမှာ တပ်ဆင်ထားတဲ့ Microprocessor တစ်လုံးရဲ့ အလုပ်လုပ်ဆောင်မှု ပမာဏကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။ တကယ်လို့ ကွန်ပျူတာရဲ့ CPU ဟာ စွမ်းဆောင်ရည်ကျဆင်းနေမယ်ဆိုရင် ဒီ CPU Usage နေရာမှာ ပမာဏ များပြားနေတာကို တွေ့ရပါလိမ့်မယ်။

        ပုံမှန် Application တစ်ခုကို Run ပြီး အသုံးပြုခြင်းအားဖြင့် CPU Usage ဟာ 10 % လောက်သာ ဖော်ပြနေသင့်ပါတယ်။ တကယ်လို့ 80 % အထက်ကို ပြသနေမယ်ဆိုရင်တော့ ဒီ CPU ရဲ့ Performance ဟာ ကျဆင်းနေ၍သော်လည်းကောင်း လက်ရှိ Run ထားတဲ့ Program ဟာ CPU Usage အလွန်အသုံးပြုသော Program အကြီးစားဖြစ်၍သော်လည်းကောင်း ကွန်ပျူတာအတွင်း Virus ၀င်နေ၍သော်လည်းကောင်း တစ်ချက်ချက် ဖြစ်နိုင်ပါတယ်။

        သူ့အောက်မှာတော့ Memory အသုံးပြုမှုပမာဏကို ပြသပေးထားပါတယ်။ RUM ကိုကြည့်ရှုပုံဟာလည်း CPU နဲ့ အတူတူ ဖြစ်တာကြောင့် အသေးစိတ်ထပ်မပြောတော့ပါဘူး။ ဒါဆိုရင်တော့ Task Manager ရဲ့ သဘောသဘာဝကို အကြမ်းမျဉ်းနားလည် သဘောပေါက်သွားပြီ ဖြစ်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.