Taskbar မှ Webpage များကို ခေါ်ယူအသုံးပြုခြင်း
ဒီသင်ခန်းစာကတော့ သင့်ကွန်ပျူတာအောက်ခြေရှိ Toolbar အတွင်း Website Address Bar ကို ထည့်သွင်းအသုံးပြုပုံ ဖြစ်ပါတယ်။ ဒီလို ထည့်သွင်းပေးထားခြင်းအားဖြင့် Web page များကို ဝင်ရောက်အသုံးပြုရာမှာ Browser ကို ဖွင့်ပြီး ဝင်ရောက်ရန်မလိုပဲ Address Bar မှာ တိုက်ရိုက်ထည့်သွင်းပြီး ဝင်ရောက်အသုံးပြုနိုင်ပါတယ်။
Address Bar ကို ထည့်သွင်းရန်အတွက် Taskbar မှာ Right Click နှိပ်လိုက်ပါ။ ပြီးနောက် Properties ကို ရွေးလိုက်ပါ။
Fig 24
ပြီးနောက် Tool Bars tag သို့ ဝင်ရောက်လိုက်ပါ။ ပြီးနောက် အပေါ်ဖက်မှာရှိတဲ့ Address နေရာလေးမှာ အမှန်ခြစ်လေး ထည့်သွင်းပေးလိုက်ပါ။ ထို့နောက် OK ကို နှိပ်လိုက်ပါ။
Fig 25
ဒါဆိုရင် ကွန်ပျူတာရဲ့ Taskbar ပေါ်မှာ Address ဆိုသည့် အကွက်လေး ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ သင် အသုံးပြုလိုသော ဝဘ်ဆိုက်လိပ်စာများကို ထည့်သွင်းကာ Webpage များဆီသို့ တိုက်ရိုက်ဝင်ရောက်သွားနိုင်ပါတယ်။
Fig 26