Taskbar ရှိ Icon များရဲ့ အရွယ်အစားကို ပြင်ဆင်ခြင်း
ကွန်ပျူတာ အသုံးပြုရာမှာ Program များကို တစ်မျိုးထက်ပိုမိုပြီး Run ကာ အသုံးပြုလေ့ရှိပါတယ်။ ဒီလိုမျိုး Program တွေကို တစ်မျိုးထက်ပိုပြီး Run ကာ အသုံးပြုထားခြင်းအားဖြင့် Taskbar မှာ ၎င်း Program များဟာ minimize ဖြစ်နေပါတယ်။
လက်ရှိ ဖွင့်ထားတဲ့ Program တစ်ခု အပြင်အခြားသော Program များကိုလည်း Taskbar မှာ ယခုလိုမြင်တွေ့နေရပါတယ်။
အခု ဖော်ပြပေးမည့် Tips ကတော့ ၎င်း Taskbar ပေါ်မှာ ပေါ်နေတဲ့ Program များရဲ့ အရွယ်အစားကို ပြင်ဆင်အသုံးပြုနိုင်သည့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
ပထမဦးဆုံးလုပ်ဆောင်ရမှာကတော့ Taskbar ပေါ်မှာ Right Click နှိပ်လိုက်ပါ ။ ပြီးနောက် Properties ထဲကို ၀င်ရောက်လိုက်ပါ။
ပြီးနောက် Use Small Icons ဆိုသည့်နေရာတွင် အမှန်ခြစ်လေးကို ထည့်သွင်းပေးလိုက်ပါ။ Apply ကို နှိပ်လိုက်ပါ။ ဒါဆိုရင် Taskbar ပေါ်ရှိ Icon များရဲ့ အရွယ်အစားဟာ သေးငယ်သွားတာကို တွေ့မြင်ရပြီ ဖြစ်ပါတယ်။