Taskbar ပေါ်တွင် Address Bar ကို ထည့်သွင်းအသုံးပြုခြင်း

Written by S.N.O Published in 10 Oct 2014

Address bar ဆိုတာကတော့ ကွန်ပျူတာအတွင်း Local Drive များအတွင်းသို့လည်းကောင်း Website များဆီသို့လည်းကောင်း အမြန်ဆုံးဝင်ရောက်နိုင်သည့် Tool Bar တစ်ခု ဖြစ်ပါတယ်။

         Address Bar ကို ကွန်ပျူတာရဲ့ Taskbar ပေါ်မှာ အမြဲတမ်းပေါ်နေအောင် ပြုလုပ်ထားလို့ရပါတယ်။ ဒီလို Address Bar ကို Taskbar ပေါ်မှာ ပေါ်အောင်ပြုလုပ်ထားခြင်းအားဖြင့် သင်အလိုရှိရာ ကွန်ပျူတာ Drive များအတွင်းသို့သာမကပဲ ၀ဘ်စာမျက်နှာများဆီသို့ပါ လျှင်မြန်စွာ တိုက်ရိုက်ခေါ်ယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Address Bar ကို Taskbar ပေါ်မှာ ပေါ်နေအောင် ပြုလုပ်ရန်အတွက် Taskbar ပေါ်မှာ Right Click နှိပ်ပြီး Properties ကို ရွေးချယ်လိုက်ပါ။

 

 

ဆက်လက်ပြီး Toolbars Tag သို့ ၀င်ရောက်လိုက်ပါ။ ထိုမှတဆင့် Address ဘေးမှာ အမှန်ခြစ်လေးထည့်သွင်းလိုက်ပါ။ Apply> OK ကို နှိပ်လိုက်ပါ။

 

 

ယခုဆိုလျှင် ကွန်ပျူတာ Taskbar ပေါ်မှာ Address Bar တစ်ခုပေါ်လာတာကို တွေ့ရပါလိမ့်မယ်။

 

 

    ၎င်း Address bar ကို ဘယ်လိုအသုံးပြုရသလဲဆိုတော့ ဥပမာ သင်ဟာ Data D ထဲကို သွားချင်တယ်ဆိုပါစို့၊ ဒါဆိုရင် ၎င်း Address Bar မှာ D: ဆိုပြီး ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။

တကယ်လို့ ၀ဘ်ဆိုက်လိပ်စာများကို သွားချင်တယ်ဆိုရင်လည်း ထိုနည်းလမ်းအတိုင်း ဥပမာ www.google.com ဆိုပြီး ရိုက်ထည့်လိုက်ပါ။

 

 

ဒါဆိုရင် Google ရဲ့ Home page ကို တိုက်ရိုက်ရောက်ရှိသွားတာကို တွေ့မြင်ရပြီ ဖြစ်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.