Text File များ ထည့်သွင်းအသုံးပြုခြင်း

Written by S.N.O Published in 11 Nov 2014

Excel Cell အကွက်များအတွင်း နှစ်သက်ရာ စာသားများ ရေးထိုး ထည့်သွင်းနိုင်ပါတယ်။ ဒါပေမယ့် စာသားများဟာ Cell အကွက်အတွင်း အံဝင်ဂွင်ကျဖြစ်နေရန် လိုအပ်ပါတယ်။

ဒါမှသာ မည်သည့် သားရေးထည့်ထားသည်ကို အလွယ်တကူ သိရှိနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ ပုံမှန် စာရိုက်နေကျအတိုင်း စာသားများ ရိုက်ထည့်သွားမယ်ဆိုရင် Cell အကွက် အပြင်ဘက်အထိ စာသားများ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

 

 

ဒီလို Cell အကွက်တစ်ခုအတွင်း စာသားများ ကျော်လွန်ပြီး ရောက်ရှိနေခြင်းဟာ သိပ်တော့ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် ဒီ Cell အကွက်ရဲ့ နောက်မှာ နောက်ထပ် Cell အကွက် တစ်ကွက်အတွင်း စာသားများ ထည့်သွင်းမယ်ဆိုရင်တော့ ရှေ့က Cell အကွက်က စာသားတွေကို မြင်တွေ့ရမှာ မဟုတ်ပါဘူး။

 

 

၎င်းစာသားကို ကြည့်ချင်တယ်ဆိုရင်တော့ Cell အကွက်ကို Select ပြုလုပ်ပါ။ ဒါဆိုရင် အပေါ်ဖက်ရှိ Text Bar မှာ စာသားအပြည့်အစုံ ပေါ်နေတာကို တွေ့မြင်ရပါလိမ့်မယ်။

 

 

တကယ်လို့ စာသားများအားလုံးကို မြင်တွေ့ချင်တယ်ဆိုရင်တော့ Cell အကွက်ရဲ့ Column အရွယ်အစားကို ချဲ့ပေးရပါမယ်။ Column အရွယ်အစားကို ချဲ့ပေးရန်အတွက် mouse နှင့်ဖိဆွဲပြီး ချဲ့နိုင်ပါတယ်။

 

 

Cell အကွက်အတွင်းရှိ စာသားများကို အောက်တစ်လိုင်း ဆင်းချင်တယ်ဆိုရင်တော့ Alter+Enter နှင့်တွဲပြီး အသုံးပြုနိုင်ပါတယ်။

 

 

Cell အကွက်အတွင်းရှိ စာသားများဟာ ဘယ်အညီ၊ ညာအညီ၊ အလယ်အညီ ညှိချင်တယ်ဆိုရင်တော့ အပေါ်ဖက် Tools Bar ရှိ Align မှ အသုံးပြုနိုင်ပါတယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.