Top 10 Windows 7 Tips (1)
ဒီသင်ခန်းစာလေးကတော့ Windows 7 အသုံးပြုသူ user များအနေဖြင့် သိထားသင့်တဲ့ Shortcut လေးများ ဖြစ်ပါတယ်။ ကွန်ပျူတာ Using Process ကို ပိုမိုမြန်ဆန်စေနိုင်သလို Keyboard Shortcut လေးများကို ကျက်မှတ်ထားခြင်းအားဖြင့်လည်း သင့်ရဲ့လုပ်ဆောင်ချက်များကို ပိုမိုလွယ်ကူစေပါတယ်။
ဒီသင်ခန်းစာမှာ စုစုပေါင်း Windows 7 Shortcut 10 မျိုးပါဝင်ပါတယ်။ တစ်မျိုးချင်းစီဟာလည်း အမှန်တကယ်ကို အသုံးတည့်ပြီး အကျိုးရှိစေနိုင်တဲ့အတွက် စာဖတ်သူများ အထူး မှတ်သားထားသင့်ပါတယ်။
1. Windows Key + Arrow Keys
Windows Key နဲ့ Arrow Keys များနဲ့ ပေါင်းစပ်နှိပ်ခြင်းအားဖြင့် Explorer ကို ပြောင်းလဲပေးနိုင်ပါတယ်။ ဥပမာ သင်ဟာ My Computer ကို ပုံမှန်အတိုင်း ဖွင့်ထားလိုက်ပါ။ ပြီးနောက် Windows + Right Arrow ကို တွဲနှိပ်လိုက်ပါ။
ဒါဆိုရင် My Computer Windows ဟာ ညာဖက်ကို ရွေ့သွားတာကို တွေ့ရပါလိမ့်မယ်။ တကယ်လို့ ဘယ်ဖက်ကို ရွေ့ချင်တယ်ဆိုရင်တော့ Windows + Left Arrow ကို ပြန်နှိပ်လိုက်ပါ။ Windows + Up Arrow ကတော့ ပုံမှန် View အတိုင်းပြန်ဖြစ်သွားတာဖြစ်ပြီး Windows + Down Arrow ကတော့ Minimize လုပ်တာ ဖြစ်ပါတယ်။
2. Windows Key + Shift + Up or Down
Windows Key နဲ့ Shift ကို ပူးတွဲဖိနှိပ်ပြီး Up Arrow (သို့မဟုတ်) Down Arrow ကို တွဲနှိပ်မယ်ဆိုရင်တော့ Windows ရဲ့ အရွယ်အစားကို အကြီး၊ အသေး ပြောင်းလဲလို့ရပါတယ်။ တကယ်လို့ သင့်အနေဖြင့် Monitor နှစ်လုံးကို အသုံးပြုပြီး ကွန်ပျူတာကို ချိတ်ဆက်ထားမယ်ဆိုရင်တော့ Windows + Shift+ Left (or) Right Arrow များကို အသုံးပြုခြင်းအားဖြင့် Monitor တစ်ခုမှ နောက်ထပ် Monitor တစ်ခုစီသို့ Windows များ ပြောင်းလဲပေးလို့ရပါတယ်။
3. Windows Key (+) + or -
Windows Key ကို ဖိနှိပ်ထားပြီးနောက် Keyboard မှ အပေါင်း (+) ကို နှိပ်ကြည့်ပါ။ တစ်ကြိမ်သာ နှိပ်လိုက်ပါ။ ဒါဆိုရင် သင့်ကွန်ပျူတာ Windows ကို Zoom အနေဖြင့် အကြီးစားပုံစံအနေဖြင့် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ မျက်စိမှုန်သူများအနေဖြင့် ဒီနည်းလမ်းကို အသုံးပြုခြင်းအားဖြင့် ကွန်ပျူတာရှိ စာသားများကို ထင်ရှားစွာ မြင်တွေ့နိုင်ပါတယ်။ တကယ်လို့ ပြန်သေးချင်တယ်ဆိုရင်တော့ Windows + (-) ကို နှိပ်လိုက်ပါ။ ဒါဆိုရင် ပြန်သေးသွားပါလိမ့်မယ်။