Top 10 Windows 7 Tips (3)

Written by S.N.O Published in 15 Aug 2014

8. Alter Esc

Alter Esc ကတော့ ယခင်ဖော်ပြခဲ့တဲ့ Ctrl+Alt + Tab နဲ့ ဆင်တူပါတယ်။ ဒါပေမယ့် သူရဲ့ထူးခြားချက်ကတော့ Aero Flip နှင့် ပြသခြင်းမဟုတ်ပဲ Computer Teskbar မှသာ Application windows များကို တစ်ခုနှင့် တစ်ခုပြောင်းလဲပေးတာ ဖြစ်ပါတယ်။

 

 

9. Ctrl+Alt + Esc

Ctrl+ Alt + Esc ကတော့ Task Manager ကိုခေါ်တဲ့ Shortcut လေးတစ်ခု ဖြစ်ပါတယ်။ ယခင် Windows XP မှာတော့ Ctrl+ Alt + Delete ကိုလည်း အသုံးပြုလို့ ရပါတယ်။ ဒါပေမယ့် Windows 7 မှာတော့ Ctrl+Alt+ Esc ကိုပဲ သုံးလို့ရပါတယ်။

Delete နဲ့ တွဲသုံးတာကတော့ User Change တာ ဖြစ်ပါတယ်။ Task Manager ဟာ ကွန်ပျူတာမှာ လက်ရှိဖွင့်ထားတဲ့ Application များကို တိုက်ရိုက်ပိတ်နိုင်တဲ့အရာ ဖြစ်ပါတယ်။ ဒါကြောင့် Begineer User များအနေဖြင့် Task manager ကို သေချာလေ့လာထားသင့်ပါတယ်။

Task Manager မှ လက်ရှိ Run နေတဲ့ Application များကို အောက်ပါပုံတွင် မြင်တွေ့နိုင်ပါတယ်။ ၎င်း Application များကို End လုပ်ချင်တယ်ဆိုရင်တော့ Select ပေးပြီး အောက်ဖက်ရှိ End Task ကိုရွေးကာ ပိတ်ပစ်နိုင်ပါတယ်။

 

 

10. Shift

Shift Key ကတော့ ဘယ်လိုနေရာမျိုးတွေမှာ အသုံးပြုသလဲဆိုရင် CD / DVD / USB Drive များကို သင့်ကွန်ပျူတာမှာ ထည့်သွင်းလိုက်လျှင် Auto Run တက်လာပါတယ်။ သဘောကတော့ အလိုအလျှောက်ပွင့်လာတဲ့ သဘောပါ။

ဒီလို Auto Run တက်လာခြင်း အားဖြင့် အဲဒီ CD / DVD / USB Drive များအတွင်း Virus များ ပါနေမယ်ဆိုရင် သင့်ကွန်ပျူတာအတွင်းသို့ ၎င်း Virus များ အလွယ်တကူ ၀င်ရောက်နိုင်ပါတယ်။ဒီလို Auto Run မတက်အောင် Shift Key ကို ဖိထားပြီး CD / DVD / USB Drive များကို ကွန်ပျူတာမှာ တပ်ဆင်သင့်ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.