Toshiba မှ Google ၏ Project Ara Smartphone အတွက် Core များထောက်ပံ့သွားဖွယ်ရှိ
Toshiba မှ Google ၏ Project Ara Smartphone အတွက် Core များ ထောက်ပံ့သွားဖွယ်ရှိ Toshiaba ကုမ္ပဏီမှ Google ၏ Project Ara လို့ခေါ်တဲ့ Smartphone အတွက် ဆီလီကွန် core များ ထောက်ပံ့ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံအခြေစိုက် သတင်းဌာနများမှ တဆင့်ပြောကြားခဲ့ပါတယ်။
Toshiba ကုမ္ပဏီမှ Semiconductor များကို Google ၏ အသစ်ထွက်ပေါ်လာမည့် Smartphone များအတွင်း ထည့်သွင်းအသုံးပြုသွားမည်ဖြစ်ကြောင်း ဒီ Smartphone ဟာ မကြာမီဈေးကွက်အတွင်း မြင်တွေ့ရမှာဖြစ်ကြောင်း တရားဝင်ထုတ်ဖော်ကြေငြာခဲ့ပါတယ်။
တစ်ကမ္ဘာလုံးအတိုင်းအတာအရ Smartphone အသုံးပြုသူဦးရေဟာ ယခင်နှစ်ထက် 20 % ခန့်ပိုမိုများပြားလာပြီး နောက်နှစ်များမှာ ပိုမိုလာနိုင်ဖွယ်ရှိကြောင်း သတင်းဌာနများမှ စစ်တမ်းများကောက်ယူချက်အရ သိရပါသည်။
Google အနေဖြင့် ၎င်း ၏ Smartphone အသစ်ဟာ တစ်နှစ်အတွင်း ဆယ်သန်းခန့်ရောင်းရနိုင်ဖွယ်ရှိကြောင်း ၎င်း Smartphone ဟာ ဈေးနှုန်းအရ လွန်စွာသက်သာပြီး စွမ်းဆောင်ရည်မြင့်သည့် Smartphone တစ်ခု ဖြစ်ကြောင်း သိရပါတယ်။
Toshiba အနေဖြင့် Google ၏ Smartphone အတွက် Processor များကို သုံးမျိုးခွဲခြားပြီး ထုတ်လုပ်ရန်ပြင်ဆင်ထားကြောင်း ၎င်း Chip များဟာ ဖုန်းအတွင်း Data များနှင့် အီလက်ထရောနစ် Signal များကို ကောင်းစွာ ထိမ်းချုပ်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ဈေးကွက် အတွင်း မကြာမှီ ထုတ်လုပ်သွားမှာဖြစ်ပြီး နောက်နှစ်မှာတော့ Smartphone အရေအတွက် အမြောက်အများကို ထုတ်လုပ်မှာဖြစ်ကြောင်း Google မှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။