Toshiba မှ Satellite P50t Laptop အတွင်း 4K Screen ကို ထည့်သွင်းအသုံးပြု

Written by S.N.O Published in 19 Jun 2014

     Toshiba ကုမ္ပဏီမှ နောက်ဆုံးပေါ်စွမ်းဆောင်ရည်မြင့် P50t Laptop ကို ထုတ်လုပ်ခဲ့ပြီး ၎င်း Laptop တွင် 4 K Touchscreen Display ကို အသုံးပြုထားကြောင်း ပြောကြားခဲ့ပါတယ်။

Satellite P50t Laptop ရဲ့ အဓိကအားသာချက်တစ်ရပ်မှာ ၎င်းရဲ့ Display အမျိုးအစားဖြစ်ပြီး Toshiba အနေဖြင့် နောက်ဆုံးပေါ်နည်းပညာများပေါင်းစပ်ကာ ၎င်း Laptop ကို တီထွင်ဖန်တီးထားကြောင်း ကြေငြာထားပါတယ်။

 

     Toshiba ရဲ့ P50t Laptop တွင် 15 လက်မအရွယ် Display ကို အသုံးပြုထားပြီး Resolution အနေဖြင့် 3840 x 2160 အထိ ရရှိစေမှာဖြစ်ပါတယ်။ ၎င်း Laptop ကို Toshiba မှ CES 2014 ပြပွဲတွင် ထုတ်ဖော်မိတ်ဆက်ခဲ့ပြီး ယခုအချိန်မှာတော့ ဥရောပ ဈေးကွက်အတွင်း စတင်ရောင်းချနေပြီဖြစ်ကြောင်း သိရပါတယ်။

ယခု Toshiba P50t Laptop ဟာ ယခင် Satellite P50 Series များနှင့် အလွန်ကွာခြားပြီး နောက်ဆုံးပေါ် စွမ်းဆောင်ရည်မြင့် Component များကိုသာ အသုံးပြုထားပါတယ်။

    Laptop အတွင်း Core i7 CPU ကို အသုံးပြုထားပြီး RAM အနေနဲ့ကတော့ 16 GB RAM ကို အသုံးပြုထားပါတယ်။ သိုလှောင်သိမ်းဆည်းရန် HDD ပမာဏကတော့ 1TB အထိ ရှိတာကြောင့် Data Storage ပမာဏ အများအပြားကို သိမ်းဆည်းနိုင်ပါတယ်။

    AMD R9 M265 X GPU ကို အသုံးပြုထားပြီး အဆင့်မြင့် နောက်ဆုံးပေါ် ဂိမ်းများဆော့ကစားရာမှာ ပုံထွက်အရည်အသွေးအလွန်ကောင်းမွန်ကြောင်း သိရပါတယ်။ ဒါပေမယ့် Apple Mac Pro ရဲ့ 4K Video Stream ကိုတော့ မယှဉ်နိုင်သေးကြောင်း သတင်းဌာနများမှ သုံးသပ်ပြောဆိုထားပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.