Toxic Text Effect တစ်ခုကို ဖန်တီးခြင်း (2)
Step (2) စာသားထည့်သွင်းခြင်း
ဒီ File New မှာ စာသားပုံစံ Text Effect တစ်ခုကို ဖန်တီးချင်တဲ့အတွက်ကြောင့် ဘယ်ဖက် Tools Bar မှ Text Tool ကို ယူလိုက်ပါမယ်။ ဒါကြောင့် Horizontal Type Tool ကို ယူလိုက်ပါမယ်။
ပြီးနောက် အောက်ပါအတိုင်း Toxic ဆိုပြီး စာရိုက်လိုက်ပါမယ်။ စာသားကိုတော့ သင်နှစ်သက်ရာ စာသားတစ်ခုခု ရိုက်နိုင်ပါတယ်။ အရောင်ကိုတော့ အနီရောင်ကို အသုံးပြုထားပါတယ်။
Menu Bar တွေရဲ့ အောက်ခြေမှာ Tools Bar ရှိပါတယ်။ ဒီ Tools Bar မှာ စာလုံး Font ကို Impact Font ကို ပြောင်းလိုက်ပါမယ်။ Font အရွယ်အစားကိုတော့ 78 လောက် ထားလိုက်ပါမယ်။
ဘာကြောင့်လဲဆိုတော့ စာလုံးထဲမှာ Effect ထည့်သွင်းမှာ ဖြစ်တဲ့အတွက်ကြောင့် စာလုံးအရွယ်အစား ကြီးနေရန် လိုအပ်ပါတယ်။ အရောင်ကတော့ အနီရောင်ဖြစ်ပါတယ်။
Step (3) Layer အမျိုးအစားကို ပြောင်းလဲခြင်း
ယခုပြုလုပ်ဖန်တီးလိုက်တဲ့ စာသားဟာ Text Layer တစ်ခုသာဖြစ်ပါတယ်။ ပုံမှန် ဓါတ်ပုံ Layer တစ်ခုအနေဖြင့် ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Text Layer ဖြစ်နေတဲ့အတွက်ကြောင့် Effect များကို ထည့်သွင်းအသုံးပြုရာမှာ အခက်အခဲရှိပါတယ်။
ဒါကြောင့် ပုံမှန် Layer တစ်ခုဖြစ်စေရန်အတွက် Text Layer ပေါ်မှာ Right Click နှိပ်လိုက်ပါ။ ပြီးနောက် Rasterize Type ကို ရွေးလိုက်ပါမယ်။